နေသက်နွေးကျော်ဇေယံထွဋ်ထိုကဲ့သို့သူ့လက်အားဆုပ်ကိုင်တာမျိုးကိုသဘောကျသည်။ နွေးထွေးပြီးအားအင်အပြည့်နှင့်မို့၊စိတ်လုံခြုံမှုကိုဖြစ်ပေါ်စေသည်။
" ကို ... ကို "
" အင်း ... "
" ချစ် ... ချစ် တယ် "
ကျော်ဇေယံထွဋ်ရင်ထဲ၏ရင်ဘက်ထဲပင်လယ်လှိုင်းလေးကမ်းခြေအားညင်သာစွာရိုက်ခတ်သည့်နှယ်ငြိမ့်ခနဲ။
ဒီရက်တွေမှာနွေးဟာသူ့နားသိပ်ကပ်နေ၏။အိမ်ပြန်ချင်တဲ့အကြောင်းလည်းသိပ်မပြောသလို၊သက်စွေအကြောင်းလည်းသိပ်မတွေးတော့သလိုပင်။
~နေသက်နွေးသူ့နံဘေးကပ်ထိုင်စဥ်ရလိုက်တဲ့ရနံ့လေးမှာမွှေးမွှေးအီအီလေးမို့ကျော်ဇေယံထွဋ်မနေနိုင်စွာ၊နှာဖျားအားလည်ပင်းလေးဆီတိုးဝှေ့လိုက်တော့ 'အဲ့'ခနဲယောင်သံလေးထွက်ပေါ်လာ၏။
ထို့နောက်ကောင်လေး၏နားရွက်ကလေးတွေနီရဲသွားပြန်သည်။
" ရေချိုးဆပ်ပြာပြောင်းထားတာလားနွေး "
" ဟို ...ဟို.. ဘက်အိမ်က... ကောင်လေးက... အနံ့က.. အနံ့က... ကလေးဆန်...လို့တဲ့ "
ဟုတ်လည်းဟုတ်သည်။ကလေးတွေတွင်သုံးသောအနံ့ဖြစ်ကာ၊ရိုးရိုးရှင်းရှင်းနှင့်နို့နံ့သင်းသင်းလေးဖြစ်၏။
" အဲ့ဘက်အိမ်ကကောင်လေးကအသက်ဘယ်လောက်မို့လဲ "
" ခြောက်....ခြောက်နှစ် "
" ..... "
အဲ့တာက လူကြီးမို့လို့လား။အခုခေတ်ကလေးတွေတကယ်လည်သည်။သူ့ကလေးလေးကိုရောင်းစားသွားရင်ဒုက္ခ။
" အပေါင်းအသင်းမှားမယ်နော်"
နေသက်နွေးကတော့မျက်လုံးလေးကလည်ကလည်ဖြင့်သာ။ ကျော်ဇေယံထွဋ်၏စကားအားစဥ်းစားနေရှာ၏။
~
" ကို ...ကို ၊ ကို ...ကို "
နေသက်နွေးလှုပ်နှိုးလိုက်တဲ့အခါကျော်ဇေယံထွဋ်ဝေဝေဝါးဝါးသာအသံပြုလာသည်။ အသားတွေပူကျစ်နေသောကြောင့်နေသက်နွေးဘာလုပ်ရမှန်းမသိ။
![](https://img.wattpad.com/cover/303885826-288-k177029.jpg)
အခန်း( ၂၅)
Začít od začátku