" အဲ့ကောင်လေး ... မင်းရဲ့နွေးပေါ့။သူကိုဘာလို့သဘောကျတာလဲ ။ မင်းအနားမှာတခြားသူမပြောနဲ့၊လရိပ်သွင်လိုမိန်းကလေးမျိုးတွေတောင်ရှိနေတာပဲလေ ၊ နေသက်နွေးကချစ်စရာကောင်းတယ်ဆိုပေမဲ့ယောကျာ်းလေးကလည်းဖြစ်နေသေးတယ် "
ကိုထွဋ်ထံမှစိတ်ခုသည့်အရိပ်အယောင်မမြင်မှ သူရသက်ပြင်းချနိုင်သည်။ ကျော်ဇေယံထွဋ်သူ့လက်မှစည်းထားသောကျောက်ပတ်တီးအားပွတ်သပ်ကာဒေါက်တာသူရ၏အမေးအားတုံ့ပြန်လာ၏။
" လူမရောက် မြင့်မိုရ်တောင် ၊ခွေးမရောက်အိမ်ခေါင်တဲ့ ၊ ထူးဆန်းဖြစ်စဥ်တော့မဟုတ်ပေမဲ့ ငါ့ရင်ထဲကိုတော့နွေးပဲရောက်ခဲ့တာ "
" ဒါဆို Bed On Case တွေကျတော့ရော.."
ရယ်ကျဲကျဲနှင့်ပြောလာတဲ့သူငယ်ချင်း၏စကားကြောင့်နှစ်ယောက်စလုံးရှိူးတိုးရှမ်းတန်းဖြင့်ရယ်မိသွားကြသည် ။
" ငါကတော့အဲ့ကိစ္စကို ဆားပေါ့နေတဲ့ဟင်းတစ်ခွက်လို့မြင်တယ် ။ စားရတာပေါ့ပေမဲ့ကျန်းမာရေးနဲ့ညီညွှတ်တယ်လေ။အဲ့တာကြောင့်'ဆား'က မထည့်မဖြစ်တဲ့အရာတော့လည်းဟုတ်မနေဘူး"
" ဆိုတော့ အငံတွေဘယ်တော့စ,စားမှာလဲ "
" ငါ့နှလုံးသားက အငံဓာတ်တွေလက်ခံနိုင်တဲ့တစ်နေ့ပေါ့ .."
~
ဒေါ်မြင့်တို့အိမ်ကိုရောက်ချိန် တစ်ယောက်ကကျောက်ပတ်တီးနှင့်၊တစ်ယောက်ကတော့ရိုးရိုးပတ်တီးနှင့်။သူတို့ပုံစံမှာဒုက္ခသည်မောင်နှံနှင့်တောင်တူနေသေးသည်။
နေသက်နွေး အိမ်ထဲမဝင်ခင်ခြေလှမ်းလေးတန့်သွားတာကြောင့်ကျော်ဇေယံထွဋ်လှည့်ကြည့်၏။
" ခြေထောက်ကနာနေလို့လား "
နေသက်နွေးကခေါင်းခါပြ၏။ထို့နောက်အိမ်ထဲကိုတချက်ကြည့်ကာကျော်ဇေယံထွဋ်အနားတိုးကပ်သွားလေသည်။
" အမေ့ကိုစိတ်မပူပါနဲ့ ... နွေးကိုမဆူပါဘူး ဆူလည်းကိုယ်ပဲအဆူခံမှာပေါ့"
ထို့နောက်သေးသွယ်သည့်လက်ချောင်းတွေကြားရှည်လျားနုနယ်သည့်လက်ချောင်းလေးတွေဝင်ရောက်လာခဲ့၏။
အခန်း( ၂၅)
Start from the beginning