အပိုင်း✨🍁(၃၂)

Start from the beginning
                                    

“အရှင် အဆင်ပြေရဲ့လားဗျ...”

“ရတယ်...”

“အဟွန်း! ....”

သတိုးသင်္ခ ကိုယ်ရံတော်တွဲထားသည့်လက်ကို ဖြုတ်ချလိုက်ရင်း ရှေ့မှသူ့အားဒေါသတကြီးကြည့်နေသော ဒဝီဦးခိုက်ကို မဲ့ပြုံးပြုံးပြလိုက်သည်။

“သျှင်းငယ်ကို မင်းလက်တွေ့မှာမပြောနဲ့ စိတ်ကူးလေး‌ထဲတောင် ငါမသေမချင်းပိုင်ဆိုင်ရဖို့မမျှော်လင့်နဲ့...ဘယ်သောအခါမှဖြစ်လာမှမဟုတ်ဘူးဆိုတာ ငါအသက်နဲ့လောင်းကြေးထပ်လိုက်မယ်...ဒီပွဲမှာငါရှူံးခဲ့ရင် နယ်နှင်ဒဏ်တင်မကပဲ ကိုယ့်ကိုကိုယ်အဆုံးစီရင်ပစ်လိုက်မယ်...မင်းရှုံးခဲ့ရင်တော့ မင်းရဲ့မသန့်ရှင်းတဲ့အတွေးတွေအကြံအစည်‌တွေနဲ့အတူ လာရာလမ်းအတိုင်း ပြန်လိုက်တော့....မဟုတ်ရင်တော့ မင်းကို ငါ့လက်နဲ့ကိုယ်တိုင်အဆုံးသတ်ပေးလိုက်မယ်...”

“ဟက်!....”

“မနက်ဖြန် နေမွန်းတည့်ချိန်မှာ ဒိတ္ထစစ်ရေးကွင်းမှာဆုံမယ်....အဟွန်း!! အချိန်မှီမရောက်လာရင်လည်း ဒီပွဲဟာအရှုံးပဲဆိုတာမင်းသေချာမှတ်ထားလိုက်...”

ဒဝီဦးခိုက်စကားဆုံးသည်နှင့် လှည့်ထွက်လာလိုက်သည်။စိတ်ရှိတိုင်းသာဆို ဒီနားတင် သတိုးသင်္ခကိုတစ်စစီလုပ်ပစ်လိုက်ချင်သော်လည်း ဒဝီဦးခိုက် စိတ်ကိုထိန်းပြီး နှစ်ချက်မျှသာထိုးလိုက်သည်။

“ငါကိုယ်တော်ရဲ့အသက်သွေးကြောကိုများရာရာစစမှန်းရဲရတယ်လို့ ဘယ်‌လိုတောင်အတင့်ရဲရတာလဲ သတိုးသင်္ခ...ဦးရီးတော်‌အတွက်စိတ်မကောင်းပေမယ့် ခမ်းဆက်ဓားရဲ့ရွေးချယ်မှုမမှားကြောင်း မင်းမကြာခင်သိလာစေရမယ် ....”

တစ်ဖက်ကအဆောင်တော်ထဲတွင်ကျန်ခဲ့သော သတိုးသင်္ခမှာလည်း လက်ခုံနှင့် နှုတ်ခမ်းကသွေးများကိုသုတ်လိုက်ပြီး ဒဝီဦးခိုက်၏နောက်ကျောကိုစူးစိုက်ကြည့်နေသည်။
*ဒီပွဲမှာ သူသေချာပေါက်အနိုင်ယူပြီး ဒဝီဦးခိုက်ကို သရေခေတ္တရာကနေ သူ့ခမည်းတော်အရှက်ရထွက်သွားရသလို ထွက်သွားစေရမယ်...*ဟူ၍ စိတ်ထဲမှကြုံးဝါးလိုက်သည်။

*************

“စိတ်မဆိုးနဲ့နော်..ခွင့်လွှတ်ပါကွယ်...ကိုယ်ရိုင်းနေရင်....ကိုယ့်စိတ်ကအရင်ဒီလို မဟုတ်ဘူးကွဲ့မင်းနဲ့မှ... ပြောင်းလဲကုန်ပြီ...အားလုံးလည်းငါမယုံနိုင် မင်းလေးကိုဘယ်သူ့မှမပေး မပေး မပေးနိုင်ဘူး...မင်းငါ့အသည်းငါ့အချစ်ပဲ....မင်းလေးဟာငါ့အတွက်ပဲ လွန်တယ်လို့မင်းထင်လား.....”

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now