Chapter 6✰Edited

Start from the beginning
                                    

သွယ်လျတဲ့လက်ချောင်းလေးတွေက နို့နှစ်ဖြူရောင် ပလတ်စတစ်မင်တံကို ကိုင်ထားကာ ကျင်ရွှင်ရဲ့နှုတ်ခမ်းထောင့်လေးတွေက ခပ်ရေးရေးကွေးတက်နေပြီး သူ့မျက်ခုံးတွေကလည်း ညင်သာသိမ်မွေ့လျက် ပြုံးယောင်သန်းနေကာ ယုံကြည်ချက်ရှိပေမဲ့ မောက်မာမှုတို့ရှိမနေ။

အစတုန်းက ပုံစံငယ်ကို သူ့နှလုံးသားထဲမှာပဲ ပုံဖော်ကြည့်နေခဲ့ပေမဲ့ သူမင်တံကို ကောက်ကိုင်လိုက်တဲ့အချိန်မှာပဲ ကျင်ရွှင့်ရဲ့အတွေးတွေက အပြည့်အဝကို အလုအယက်ပေါက်ကွဲထွက်ပေါ်လာသည်။

ဒီခေါင်းစဉ်က အမှန်တကယ်ပင် သူ့ရဲ့စိတ်ဝင်စားမှုအား နှိုးဆော်ပေးနိုင်၏။ ကျင်ရွှင့်လိုလူတွေအတွက်ကတော့ သူရဲ့စိတ်ဝင်စားမှုထွက်ပေါ်လာပြီဆိုတာနဲ့ ဘယ်အရာကမှ မတားဆီးနိုင်တော့ပေ။

အဲ့နောက်မှာတော့ သူအထူးတလည်ကို သိက္ခာရှိကာ လေးနက်တဲ့သဘောထားနဲ့ တင်ပြမှုကို အပြီးသတ်လိုက်တော့ ပရော်ဖက်ဆာအိုကြီးရဲ့ စကားကောင်းတွေကို တရစပ်ပင်လက်ခံရရှိကာ အောက်ထပ်နဲ့ သူ့ဘေးပတ်လည်မှ လူတွေရဲ့ လက်ခုပ်သြဘာသံတွေက မြိုင်မြိုင်ဆိုင်ဆိုင်ထွက်ပေါ်လာသည်။

…ဒီအတန်းဖော်လေးက ဘာတွေပြောသွားမှန်း သူတို့နားမလည်ကြပေမဲ့ ၎င်းကအတော်လေးတော့ အားကောင်းပုံပေါ်သည်။ ရလဒ်အနေနဲ့ သူတို့လည်း လူအုပ်အတိုင်းလိုက်ကာ လက်ခုပ်တီးတော့၏။

ပရော်ဖက်ဆာဟို့ရဲ့နည်းပါးသောဆံပင်တွေက ထောင်မတ်လာဖို့ မစောင့်နိုင်တော့သလိုမျိုး သူ့မျက်လုံးတွေက မီးတိုင်လို တောက်ပလာကာ သူ့အသံကလည်း ပိုပြီးတော့အများကြီကျယ်လောင်လာသည်။ သူက ကျင်ရွှင့်ကို စိတ်လှုပ်ရှားစွာမေးလိုက်သည်
“ မင်းကဘွဲ့လွန်ကျောင်းသားလား? ဘာလို့ ငါမင်းကို ဘွဲ့ရတဲ့သူတွေထဲမှာ မတွေ့ဖူးရတာလဲ?”

ကျင်ရွှင် : “…”

သူက ပြဿနာဖြေရှင်းတဲ့နေရာမှာပဲ အာရုံစိုက်နေခဲ့တာမို့ သူ့သရုပ်မှန်က ဤနေရာနဲ့မသက်ဆိုင်ကြောင်းကို မေ့သွားမိသည်။

“ တောင်းပန်ပါတယ် ဆရာ။ ကျွန်တော်က ဒီနှစ်မှာမှ ဂျူနီယာတစ်ယောက်ပဲဖြစ်သေးတာပါ၊ ပြီးတော့ ကျွန်တော်က ကွန်ပျူတာသိပ္ပံဌာနကလည်းမဟုတ်ပါဘူး” ကျင်ရွှင်က ပရော်ဖက်ဆာဟို့ကို ရှက်ရွံ့စွာဦးညွတ်လိုက်ကာ :
“ ကျွန်တော်က ဒီကိုတစ်ချက်လောက်ကြည့်ဖို့ လာခဲ့တာပါ။ ကျွန်တော်တကယ်တောင်းပန်ပါတယ်…”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now