BTLFAM (Final 30)Unicode

Start from the beginning
                                    

" ဘာလို့ ပြန်လာတာလဲ ကလေးရယ် "

Bazရဲ့မျက်နှာချောချောကို ကိုင်ကာ မျက်ရည်ဝေ့သီပြီး ပြောတော့ Bazရဲ့ရင်ထဲမှာ မျက်ခနဲနာကျင်ရသည်။

" Momရှိတဲ့နေရာက ကျွန်တော့်ရဲ့အိမ်မို့ ပြန်လာရတာပေါ့ဗျာ.."

" ကလေးရယ် "

Bazရဲ့လက်ကိုကိုင်ကာ တသိမ့်သိမ့်ငိုလေတော့ Bazရင်ထဲမချိစွာ မွေ့ရာပေါ်တက်ထိုင်ကာ ဖွ‌ဖွလေးဖက်ကာ နှစ်သိပ်လိုက်သည်။

ဒါဟာမိခင်တစ်ယောက်ရဲ့ ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းအလည်က ယုယခြင်းပင်။

" ကျွန်တော်ပြန်လာပြီမို့ ကျွန်တော့်မိခင်က အေးဆေးနားနေနော်။ ချစ်တယ် Mom "

" Momလည်းချစ်ပါတယ် ကလေးရယ် "

အဟမ်း.!
သားအမိနှစ်ယောက်သားအလွမ်းသယ်နေစဉ် အပေါက်ဝကချောင်းဟန့်သံကြားလိုက်ရတာမို့ Bazလှည့်ကြည့်လိုက်တော့ ပြီတီတီမျက်နှာဘေးနှင့် April..။ 'ဘာလုပ်တာလဲ ဝင်လာလေ'ဆိုသည့သဘောဖြင့်ကြည့်လေတော့ အထဲကိုဝင်လာပြီး..

" သမီးပြန်လာတော့မယ် "

" ဟမ်..မင်းသမီးလေးက အိမ်မှာမဟုတ်ဘူးလား..."

" အာ..သူလာရင် ငါရောက်နေတာမသိ..."

အဖြစ်အပျက်တွေဟာမြန်ဆန်လွန်းလှသည်။
Sloanကို Aprilလက်သို့အပ်ကာ မတ်တပ်ရပ်ဖြစ်နေသည့် Bazထံပြေးဝင်လာသောသူ။ သူ၏ရင်အုပ်ကျယ်ကျယ်‌တွေသည် Bazလိုလူကိုမြုပ်သွားနိုင်သည်အထိ စွမ်းနိုင်လေသည်။ လက်ဖဝါးကြီးကြီးတို့က ကျောပြင်တစ်လျှောက် ခပ်နွေးနွေးအငွေ့အသက်ကိုရစေသည်။ သူ၏ရှူလေ၊ထုတ်လေ နွေးနွေးက ဂုတ်စပ်ကို ရှိုက်ခတ်စေသည်။

ပခုံးပေါ်ခေါင်းမှောက်ချလိုက်သူကြောင့် ခပ်စိုစိုအငွေ့အသက်ကိုရသည့်အခါBaz၏ မျက်ဝန်းညိုမှိုင်းမှိုင်းတွေသည်လည်း ပြူးကျယ်ကုန်သည်။

ဧကန်န ဒီလူငိုနေတာလား။

တသိမ့်သိမ့်တုန်တက်လာသည့် ကျောပြင်ကို Bazခပ်ဖွဖွပုတ်ကာ နောက်တစ်ယောက်ကိုချော့မြူရပြန်သည်။

" ဘယ်မှ ထွက်မသွားပါနဲ့တော့။ မင်းစိတ်တိုင်းကျ မင်းအလိုကျ ပြုမူလှည့်ပါ "

Behind the lust for a man(Complete)Where stories live. Discover now