BTLFAM (13) Unicode

4.3K 318 7
                                    

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

အပိုင်း(၁၃)

March.15.1994

ဒီနေ့သည် Maxiyoဆက်ခံသူ၏စံအိမ်ထဲတွင် ဟိုပြေးဒီပြေးဖြင့်ရှုတ်ယှက်ခက်နေလေသည်။ အကြောင်းက ဆက်ခံသူ၏အိမ်ထောင်ဘက် ဗိုက်နာနေလေပြီ။

" အား..အာ့ Mommyရေ အား "

အခန်းတစ်ခုထဲ၌ တိုင်တည်အော်မြည်းသံသည် ကျယ်လောင်စွာထွက်ပေါ်လာသည်။
အခန်းထဲ၌လည်း ခြေမကိုင်မိ၊လက်မကိုင်မိဖြင့် ချွေးတဒီးဒီးကျနေသော ဂိုဏ်းဆက်ခံသူလည်းရှိလေသည်။

" အန်ကယ် ဒီအတိုင်းမွေးလို့ရပါ့မလား.."

" အန်ကယ် ကလေးက မထွက်လာသေးဘူးလား.."

" အန်ကယ်.."

တီ.! တီ.!
ဖုန်းလာသံကြောင့် Bellaအပြင်သို့အမြန်ထွက်ကာ ဖုန်းသွားပြောရလေသည်။

" .... "

" ဘယ်လို.! ပြန်ပြောစမ်း.! "

" Fox၏လုပ်ကြံမှု‌ကြောင့်ခေါင်းဆောင်ကျသွားပါပြီ Mrs. "

" ဘာ.! ဟား..ဘယ်လိုဖြစ်နိုင်မှာလဲ "

လက်ထဲရှိ ဖုန်းသည်ပြစ်ကျသွားပြီး မျက်ရည်များစီးကျလာလေသည်။
သိပ်ချစ်ရသော ဖခင်က အဘယ်ကြောင့် အကြောင်းမရှိပါပဲ ထားသွားရသနည်း။

Bella မီးနေခန်းထဲကို ဝင်ကာ အန်ကယ်ကို မျက်လုံးချင်းမစုံရဲစွာ ခေါင်းငုံ့ထားလိုက်သည်။

" အန်ကယ်..ကျွန်မပြောစရာရှိတယ်.."

" အင်း..ကလေးထွက်လာရင် လိုက်ခဲ့မယ် "

Bella၏အသံသည် အက်ကွဲနေသည်။ သာမာန်ထက်မူပျက်နေပြီး သားဖွားနေသည့် ဇနီးကိုပင်လှည့်မကြည့်ဘဲ ထွက်လာခဲ့သည်။

Bella၏ကမ္ဘာတစ်ခြမ်းသည် မီးလောင်တိုက်သွင်းခံရသလို လောင်မြိုက်နေလေသည်။ သိပ်ချစ်ရသော အမျိုးသားကြီးသည် ဘယ်တုန်းကမှမတွေးမိပါသော  ကိစ္စရက်ဖြစ်သွားသည့်အခါ ပစ္စုန့်ပန်ကိုကျောခိုင်းလိုက်ချင်မိပါတော့သည်။

" အူဝဲ..အူဝဲ.."

အခန်းထဲရှိ သား၏ ငိုသံကိုကြားသည်။ သို့သော် သွားမကြည့်ဘဲ ငိုင်ငိုင်ကြီး ထိုင်နေသည်။

Behind the lust for a man(Complete)Where stories live. Discover now