အခန်း ၇

Start from the beginning
                                    

အိမ်တော်ထိန်းရဲ့ခြေသံက တံခါးနားမှ တဖြေးဖြေး ဝေးသွားသည်။ 

"မိုရိချန် ခင်ဗျားအလုပ်များနေတာလား" ယွမ်းစွော်က သူနှောက်ယှက်နေသလိုဖြစ်နေမှာ ကြောက်နေသည်။

"အမ်....ငါ ဧည့်သည်ဆီ ပြန်သွားရဦးမယ်"

"ဒါဆို မြန်မြန်သွားပါ။ ကျွန်တော်က ကျွန်တော့်ဘာသာ ကောင်းကောင်းနေပါ့မယ်"

ပြောလိုက်တဲ့တစ်ယောက်က ဘာအဓိပ္ပါယ်မှ မပါပေမယ့် ဒူဒူက အမြဲတမ်းတစ်ယောက်တည်း ဖြစ်နေကာ ထုတ်မပြောပေမယ့် သူ့မှာ စကားပြောစရာလူတောင်မရှိဘူးဆိုတာကို မိုရိချန်က ရုတ်တရက်နားလည်လိုက်သည်။

"ကောင်းပြီ ငါဂိမ်းထဲကမထွက်တော့ဘူး။ ငါတို့ဟိုတယ်ကိုအတူတူပြန်ကြရအောင် အဆင်ပြေလား"

ယွမ်းစွော်က စိတ်လှုပ်ရှားကာ လက်ချောင်းလေးတွေကို တွန့်လိမ်နေပြီး သူ့မျက်လုံးလေးတွေက စိတ်လှုပ်ရှားမှုကို မဖုံးကွယ်ထားနိုင်ပေ။ 

"ဒါက.... ဒုက္ခမဖြစ်စေဘူးလားဟင်"

"မဖြစ်ပါဘူး"

"ဒါဆို...ကောင်းပြီလေ"

မိုရိချန်က ဖုန်းမျက်နှာပြင်ကို ပိတ်ကာ လက်ကကိုင်ခဲ့ပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။ အောက်ထပ်သို့ ရောက်တဲ့အခါ အိမ်တော်ထိန်းကို မနက်ဖြန် ရိုက်ကွင်းမှာ လုပ်ရမယ့် ပစ္စည်းတွေကို ပြောထားပြီးပြီ ဖြစ်တာကြောင့် အဆင်သင့်ဖြစ်နေစေရန် အဝတ်အစားတွေကို ကူညီပေးဖို့ အိမ်တော်ထိန်းကို ပြောလိုက်သည်။

လင်းမန်ရွှယ်က ဒီနေ့အကြာကြီး ဆက်မနေသင့်တော့ဘူးဆိုတာကို အလွန်နားလည်သိတတ်ကာ ပြောလိုက်သည်။ "အန်တီ နောက်ကျနေပြီ။ သမီးလည်း ပြန်သင့်နေပြီ"

"အန်တီက သမီးနဲ့ စကားတောင် သေချာမပြောရသေးဘူး။ နောက်ခါ သမီးမှာ အချိန်ရှိရင် လာလည်ပြီး အန်တီ့ကို အဖော်ပြုပေးပါဦး" 

သူမက သူမရဲ့သားကို မကျေမနပ်တစ်ချက်ကြည့်လိုက်ကာ  "မန်ရွှယ်ရဲ့ကားမောင်းသမားက ပြန်သွားပြီးပြီ ရိချိန် မန်ရွှယ်ကို အိမ်ပြန်ပို့ပေးလိုက်" 

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now