" မိုးသက်စွေ မဂ်လာဆောင်မှာနွေးကဘာအရောင်လေးဝတ်မှာလဲ "
" အ...အဖြူ နဲ့ ပ ...ပုဆိုး အပြာ "
" ငါတို့မဂ်လာဆောင်ကျရင်တော့ လိမ္မော်ရောင်နုနုလေးဝတ်ရအောင်နော်နွေး ။ ပြီးရင် အဝါရောင်ကျူးလစ်ပန်းတွေနဲ့အလှဆင်မယ် "
မဂ်လာဆောင် ဆိုသည့်အသံကြားသည်နှင့်မျက်တောင်လေးတွေမှာတဖျပ်ဖျပ်ခတ်လို့၊မျက်ဝန်းဝိုင်းဝိုင်းလေးတွင်မျက်ရည်ကြည်တို့ရစ်သိုင်းလာချေ၏။
တစ်ဖက်ဖုန်းလိုင်းလေးငြိမ်သက်သွားတဲ့အခါ ကျော်ဇေယံထွဋ်အသံပြုလိုက်မိသည်။ ထိုကောင်လေးကတော့ငြိမ်သက်နေဆဲ ။
" ကို ကို "
အဖျားခတ်တုန်ယင်သွားတဲ့ခေါ်သံလေးဟာနှလုံးသားထံနွေးထွေးစွာရစ်သိုင်းလွှမ်းခြုံလို့ ရောက်ရာအရပ်ကနေပြေးလွှားပွေ့ဖက်ချင်စိတ်တွေအားဖြစ်ပေါ်စေ၏။
အထစ်ထစ်အငေါ့ငေါ့နဲ့စမ်းချောင်းလေးဟာနွေးဖြစ်ပြီး၊အညှာခိုင်ခိုင်ကနေရုန်းထွက်စီးမျောသူဟာသူဖြစ်သည်။
တငြိမ့်ငြိမ့်တညောင်းညောင်းစီးဆင်းမှုတွင်တစ်ဘဝစာလုံးပျော်မွေ့လို့၊ထိုစမ်းချောင်းလေးမှလွဲရင်ကျန်တဲ့အရပ်ဒေသဟာသူ့အတွက်ငရဲသာဖြစ်၏။
သူ့ရဲ့နိဗ္မာန်၊ သူ့ရဲ့ပျော်ရွင်မှု ။
နွေးသာမရှိရင်အေးခဲနေတဲ့နှလုံးသားနဲ့သူ့ဘဝဟာအလင်းရောင်ကင်းမဲ့နေမှာဧကန်မလွဲပင်။" ပြောလေ... ဘာဖြစ်လို့လဲ "
" တွေ့ ... တွေ့ ချင် တွေ့ချင်.. တယ်"
ဖုန်းမှသတိပေးချက်ဟာထွက်ပေါ်လာပြီဖြစ်သည်။ ငိုတော့မလိုတုန်ယင်နေသည့်အသံလေးဟာ ကျော်ဇေယံထွဋ်၏မျက်ဝန်းမှမျက်သားတွေအားနီရဲလာစေသည်။
သူပဲသိပ်လွမ်းနေတယ်ထင်ခဲ့တာ။
" ငါရောပဲ ... နွေးကိုဖက်ထားချင်လို့ ရူးတော့မလိုပဲ "
လွမ်းလို့မသေသည့်တိုင်၊သေမတက်လွမ်းနေတာမို့ နာရီလက်တံတွေအားကျော်ချပစ်လို့ရရင်လည်းသိပ်ကောင်းမည် ။
အခန်း ( ၂၂)
Start from the beginning