" နွေး "
ခေါ်ဆိုခြင်းသိပ်ပင်မကြာလိုက်ပဲတစ်ဖက်မှတန်းကိုင်၏။ ချိုမြိန်နွေးထွေးသောခေါ်သံမှာအသည်းထဲထိနွေးစေသည်။
လေရှိန်ကြောင့်သစ်ရွက်လေးတွေမှာရမ်းခါနေကာ၊မိုးပေါက်သေးသေးလေးမှာတဖွားဖွားဖြင့်စတင်ကျဆင်းလာပြီဖြစ်သည်။
ဖုန်းကိုနားဖြင့်ကပ်ရင်းပြတင်းပေါက်ရှေ့တွင်ရပ်ကာလက်ဝါးလေးကိုဆန့်ထုတ်လိုက်တော့မိုးပေါက်သေးသေးလေးတွေမှာ လက်ဖဝါးသေးသေးလေးပေါ်ညင်သာစွာကျဆင်းလာချေသည်။
ခေါင်းတစ်ချက်စောင်းပြီးနောက်တွင်ပခုံးလေးတွန့်ခနဲဖြစ်ပြီးနောက် စကားပြောရန်အားယူလိုက်ရသည်။
" မိုး ... မိုး ..ရွာ နေ.. တယ် "
နေသက်နွေး၏အသံမိုးပေါက်ရိုက်သံနှင့်ရောထွေးလို့ တိုးလျစွာဖုန်းလိုင်းတွင်းမှဝင်ရောက်လာချေသည်။
နေသက်နွေးစကားတစ်ခွန်းပြောရန်အချိန်အတော်ကြာယူရသလို၊သူ၏အသံမှာညင်သာကာမာန်မပါချေ။နူးညံ့ကာ၊တိုးလျလျဖြင့်ကြားရသူအဖို့နားချမ်းမြေ့ဖွယ်ဆန်လေသည်။
နေသက်နွေး မိုးရွာနေကြောင်းပြောပြီးနောက်တွင်လည်းသူဘာထပ်ပြောရမှန်းမသိ။ အောက်နှုတ်ခမ်းကိုတင်းတင်းလေးစေ့ကာမျက်ဝန်းဝိုင်းဝိုင်းလေးကလည်၊ကလည်ဖြင့်တွေးသော်လည်းမည်သည့်စကားဆိုရမည်မှန်းမသိ။
" ပြတင်းပေါက်ဘေး အကြာကြီးရပ်မနေနဲ့နော် နွေး။ ဖျားမယ် "
သြရှရှအသံမှာလေလှိုင်းမှနေအတားဝိုးဝိုးဝါးဝါးဖြင့်ဝင်ရောက်လာ၏။ မိုးရေတွေထံဖြန့်ထားသောလက်ကလေးအားရုတ်သိမ်းကာ၊ပြတင်းပေါက်ဘေးမှခွာလိုက်သည်။
ပြတင်းပေါက်နှင့်ဝေးရာတွင်ထိုင်ကာ၊ဖုန်းထဲသာရုံစိုက်နေရင်းသူ၏ပုံစံမှာနာခံတက်သည့်ကလေးငယ်လေးသဖွယ်။
" ဒီဘက်ကရှမ်းကျင်ထက်ပိုပြီး ရေလမ်းများတယ် ။ ရေတွေထပ်တက်လာရင်ကမ်းပါးတွေကပြိုတော့မယ်ထင်တယ် "
ကျော်ဇေယံထွဋ်စကားမရှိစကားရှာကာထို့သို့ပြောပြီးနောက်မှကောင်လေးစိတ်ပူနေမည်ကိုသတိရသွားကာခေါင်းခါမိသွားသည်။
အခန်း ( ၂၂)
Start from the beginning