Chapter :221 ( Part 3)

134 10 0
                                    

Unicode Version

စုယွမ် ခေါင်းမာမာနဲ့ငြင်းလိုက်တယ်။

 သူမအတွက်တော့ " ဟန် ""မျိုးရိုးနာမည်က အသက်တမျှ အရေးပါတယ်။

 တရုတ်လူမျိုးတွေရဲ့ထုံးစံအတိုင်း သားသမီးတွေက ဖခင်ဖြစ်သူရဲ့ မျိုးရိုးနာမည်ကိုဆက်ခံကြတာ ထုံးစံဆိုပေမဲ့ သူမအတွက်တော့ ဒီနာမည်လေးက အဓိပ္ပါယ်တွေနဲ့ပြည့်နှက်နေခဲ့တယ်။အဓိက ဒီနာမည်ကိုမပြောင်းချင်ရတဲ့ အကြောင်းအရင်းကတော့ သူမရဲ့ ဖခင်ကြီး ဟန်ချိုးကြောင့်ပဲ။ 

ကံကြမ္မာရဲ့မျက်နှာသာမပေးမူကြောင့် သူမက တစ်ဦးတည်းသောသမီးအဖြစ် မွေးဖွားခဲ့ရပေမဲ့ ဟန်ချိုးက သူမကို အရွယ်ရောက်လာရင် သူတပါးလက်ထဲထည့်ပေးလိုက်ရမဲ့ သမီးကညာတစ်ယောက်လို မွေးမြူခဲ့တာမျိူးမရှိဘူ။ အဲ့ဒီအစား သူမကို သူ့ရဲ့ အမွေဆက်ခံမဲ့ သားကြီးတစ်ယောက်လိုပဲ ရည်မှန်းချက်ကြီးကြီးထားပြီး ပညာကုန်သင်ပေးခဲ့တယ်။သူမ သိတတ်စအရွယ်ကတည်းက သူမကိုကျောပိုးကာ တပြိုင်နက်တည်းအလုပ်လုပ်နေရင်းနဲ့ သူ့ရဲ့သူမတူအောင် ထူးချွန်လှတဲ့အချက်အပြုတ်ပညာနဲ့ သူမကိုရင်းနှီးအောင် လေ့ကျင့်ပေးခဲ့တဲ့အပြင် ဟင်းသီးဟင်းရွက်တွေရဲ့အသုံးဝင်ပုံ ၊ တရုတ်တိုင်းရင်ဆေးဝါးတွေကို အာနိသင်အပြည့်ရအောင် ကြိုချက်ပုံတွေကို သေချာစနစ်တကျသင်ပေးခဲ့တယ်။ 

ဒီလို ချစ်ခြင်းမေတ္တာအပြည့်နဲ့ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဖခင်ကြီးရဲ့စေတနာကိုထောက်ထားသောအားဖြင့် " ဟန် "မျိုးရိုးကိုစွန့်လွှတ်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။

တကယ်လို့သူမသာ ကိုယ့်သဘောနဲ့ကိုယ် မျိုးရိုးနာမည်ကိုပြောင်းလဲခဲ့ရင် တချိန် တမလွန်မှာပြန်တွေ့ကျတဲ့အခါအဖေ့ကိုဘယ်လိုမျက်နှာပြရမလဲ ။ အဲ့ဒါကြောင့် လုံးဝသူမဘက်က နောက်မဆုတ်ပေးနိုင်ဘူး ။

 နောက်ထပ်အကြောင်းပြချက်တစ်ခုကတော့ သားသမီးတွေကြောင့်ပဲ။ ဝေအိမ်တော်လို့ နှစ်ပေါင်းများစွာကတည်းက အုတ်မြစ်ချနေရာယူထားနိုင်ခဲ့တဲ့ တော်ဝင်အိမ်တော်မျိုးနဲ့တော့ နိူင်းယှဉ်လို့မရနိုင်ပေမဲ့ သူတို့မိခင်ဖြစ်သူရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ " ဟန် " အိမ်တော်ကလည်းနယ်နယ် ရရ မဟုတ်ဘူးဆိုတာ ကလေးတွေကိုသိစေချင်တယ်။ ဝေအိမ်တော်က ကုန်သွယ်မူကိုအခြေခံပြီးစီးပွားရှာတယ်ဆိုရင် ဟန်အိမ်တော်ကလည်း အချက်အပြုတ်ပညာရပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုတယ်ဆိုတာ ကလေးတွေကိုသိအောင်ပြချင်တယ်။

Be My Summer  ( Arc  2 ) :  Main Story    {魏 Wèi Version }Where stories live. Discover now