*161* ပုံရိပ်ယောင်

Start from the beginning
                                    

ဖျန့်ရှီကလည်း ခေါင်းငြိမ့်လိုက်ပြီး
"အင်း .. ကျုပ်တို့ ဘယ်ဘယ်ခြမ်းက မြေပြင်ကို ရောက်လာပုံဘဲ"

ရုန်ယိက သူ့လက်မောင်းကို လွှတ်ပေးလိုက်ပြီး
"ခင်ဗျားကို ကျွန်တော်နဲ့အတူ ဆွဲခေါ်လာတဲ့အတွက်တော့ အပြစ်မတင်ဘူးမလား"

ဖျန့်ရှီက ပြုံးပြီး
"မတင်ပါဘူးဗျာ... အနည်းဆုံးတော့ ကျုပ်တို့ အချင်းချင်း ဂရုစိုက်ပေးလို့ရသေးတာပေါ့"

သူ့ကိုယ်ထဲကို ဝိညာဥ်စွမ်းအားတွေ နည်းနည်းစီ ပြန်ဝင်လာတာကို ခံစားရတာကြောင့် ရုန်ယိက အဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။
"ကျွန်တော် ခင်ဗျားကို ဒုက္ခပေးရင် ပေးမိမှာ.."

"ဒါက မသေချာသေးပါဘူး.. ကျုပ်ကမှ မင်းကို ဒုက္ခပေးမိတဲ့သူလည်း ဖြစ်နိုင်တာဘဲ"

သူတို့ လှည့်ပြီး ကျန်တဲ့သူတွေကို ကြည့်လိုက်ကြတဲ့အခါ တစ်ချို့က အစောက သူတို့နဲ့အတူ ရှိခဲ့ကြတဲ့သူတွေမဟုတ်ပေ။
"ကျင့်ကြံသူတွေအကုန် ရောကုန်ပြီ"

"ဟားဟား...."
ကျင့်ကြံသူတစ်ယောက်က ဝမ်းသာအားရထရယ်လာပြီး
"ကျုပ်ကျင့်ကြံဆင့်တွေ မြင့်သွားပြီကွ.. ကျင့်ကြံဆင့်မြင့်သွားပြီ!!"

"ကျုပ်ရောဘဲ!"

ရုန်ယိတို့ဘက်ခြမ်းက ကျင့်ကြံသူတွေမှာ တစ်ချို့က ပျော်ရွှင်နေကြကာ တစ်ချို့ကတော့ ဝမ်းနည်းနေကြ၏။ ပျော်နေတဲ့သူတွေက ကျင့်ကြံဆင့်မြင့်သွားတဲ့လူတွေဖြစ်ကာ ဝမ်းနည်းနေကြတဲ့သူတွေကတော့ ကျင့်ကြံဆင့် နိမ့်ကျသွားတဲ့သူတွေ ဖြစ်လေသည်။

ရုန်ယိ ဖျန့်ရှီကို မေးလိုက်၏။
"ခင်ဗျားရော.. မြင့်သွားလား.. နိမ့်သွားလား"

ဖျန့်ရှီက ရှုံ့တွနေတဲ့ အပြုံးတစ်ပွင့်နဲ့
"နိမ့်တာမှ..တော်တော်လေး နိမ့်သွားတာ"

ရုန်ယိ သူ့ခန္ဓာကိုယ်ကို မေးလိုက်သည်။
"မင်းကရော"

ရုန်ယိခန္ဓာကိုယ်က အသံပို့လွှတ်ပြီး ပြောလာသည်။
"နိမ့်လည်းမနိမ့်ဘူး မြင့်လည်းမသွားဘူး"

ရုန်ယိအထင်ကတော့ သူ့ခန္ဓာကိုယ်က ချီသန့်စင်အဆင့် ၊ အခြေတည်အဆင့် ၊ ရွှေအမြုတေအဆင့် ၊ မူလပထမအဆင့် ၊ မသေမျိုးပြောင်းလဲမှုအဆင့် ၊ လေဟာနယ်သန့်စင်မှုအဆင့် ၊ စွမ်းအားညီညွတ်မှုအဆင့် ၊ မဟာယာနအဆင့် ၊ ကံကြမ္မာစမ်းသပ်မှုဖြတ်ကျော်ခြင်းဆင့် စတဲ့ ကျင့်ကြံဆင့် ၉ဆင့်ထဲမှာ အလယ်ဆင့်ဖြစ်တဲ့ မသေမျိုးပြောင်းလဲမှုအဆင့်မှာ ရှိနေတာကြောင့် သူ့ကျင့်ကြံဆင့်က နိမ့်လည်းမသွားသလို မြင့်လည်းမမြင့်သွားတာ ဖြစ်ပေလိမ့်မည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]On viuen les histories. Descobreix ara