*161* ပုံရိပ်ယောင်

Start from the beginning
                                    

ရုန်ယိ လိုက်ကြည့်လိုက်တဲ့အခါ သူတို့ရှေ့က အစီအရင်ပေါ်မှာ လှိုင်းတွန့်သုံးခု ပေါ်လာတာကို မြင်လိုက်ရပြီးနောက် သူ့ဘေးနားက လူတွေရဲ့ပုံရိပ်တွေမှာ တဖြည်းဖြည်း ဖောက်ထွင်းမြင်လာရလေသည်။ သူ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားရကာ သူ့ခန္ဓာကိုယ်နဲ့ ဖျန့်ရှီတို့ရဲ့ လက်ကို အမြန် ဖမ်းဆွဲထားလိုက်သည်။

တစ်ခြားသူတွေလည်းဘဲ အရမ်းကြောက်ရွံ့နေကြကာ
"ဘာတွေဖြစ်နေတာလဲ.. ဘာလို့ ငါ့ခန္ဓာကိုယ်က ဖောက်မြင်လာရတာလဲ!"

"ကျုပ်ရောဘဲ.. ကျုပ်တို့ခန္ဓာကိုယ်တွေအကုန်လုံး ဖောက်ထွင်းမြင်လာကြရတော့မှာလား!"

သူတို့မှာ ထိတ်လန့်ခြောက်ခြားကုန်ကြတော့၏။
"ကျုပ်တို့တွေ ပျောက်ကွယ်သွားကြတော့မှာလား.. ကျုပ် မပျောက်ကွယ်သွားချင်ဘူး.. မပျောက်ကွယ်သွားချင်ဘူး!!"

ပထမအကြီးအကဲနဲ့ ဆဌမအကြီးအကဲတို့မှာ မျက်မှောင်တွေကြုတ်ကုန်ကြသည်။
ဝှစ်...
ထို်နောက် နှစ်ယောက်စလုံး တစ်ယောက်မျက်စိရှေ့ကနေ တစ်ယောက် ပျောက်ကွယ်သွားကြတော့သည်။

"သခင်.."
ရှင်းယွဲ့မှာလည်း ချီလန်ရဲ့ ခန္ဓာကိုယ် တဖြည်းဖြည်း ဖောက်မြင်လာရတာကြောင့် သူ့ကိုယ်ကို ဖမ်းဆွဲဖို့ လက်ဆန့်ထုတ်လိုက်ပေမဲ့ စိတ်မကောင်းစရာကတော့ သူမ နောက်ကျသွားခဲ့သည်။ ချီလန်က သူမရှေ့ကနေ ပျောက်ကွယ်သွားလေပြီ..။ ထို့နောက် သူမလည်း ပျောက်သွားတော့၏။

ရုန်ယိမှာ သူ့မြင်လွှာရှေ့က အရာတိုင်းမှောင်မည်းသွားသလို ခံစားလိုက်ရပြီး ထို့နောက် ပြန်လင်းလာတဲ့အခါ ခုနက ဂူထဲမှာဘဲ ရှိနေသေးတာ တွေ့လိုက်ရသည်။

သူ့ဘေးနားက လူတွေမှာ အံ့သြသွားကြပြီး
"ကျုပ်တို့ မပျောက်သွားကြဘူးလား.. မင်းတို့က ဘာလို့ ဒီမှာ ရှိနေရသေးတာလဲ"

"ဟုတ်တယ်ဟ.. ဘာတွေ ဖြစ်သွားတာလဲ"

ရုန်ယိနဲ့ ဖျန့်ရှီတို့မှာ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက်ကြကာ နောက်တော့ အချင်းချင်းပြန်ကြည့်လိုက်မိကြသည်။
"ကြည့်ရတာ ကျွန်တော်တို့ တစ်ခြားနေရာကို အပြောင်းခံလိုက်ရတဲ့ပုံဘဲ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now