Chapter 3✰Edited

Start from the beginning
                                    

ကျင်ရွှင်က ထိုင်ဖို့ သာမန်ကာလျှံကာ အစွန်အဖျားကျတဲ့နေရာတစ်ခုကို ရှာလိုက်ပေမဲ့ သူကအာရုံစိုက်မှုအများစုကို ဆွဲဆောင်နေမိတုန်းပင်။

သူမှန်းကြည့်ရရင် သူ့အဝတ်အစားတွေက အလွန်ရှုပ်ပွနေပြီး သူ့ဆံပင်ကလည်း သူ့အားအနည်းငယ်အရှက်ရအောင်လုပ်နေတာကြောင့် ဖြစ်မည်ထင်။ တစ်ညလုံးမွေ့လျော်ပြီးနောက် သူ့ပုံစံကအရက်နာကျနေတဲ့သူနဲ့ အတော်ကိုတူကာ ရလဒ်အနေနဲ့ကတော့ သူကအခြားသူတွေရဲ့ စိုက်ကြည့်ခြင်းခံနေရသည်…

သို့ရာတွင် သူ့မှာအမှန်တကယ်ရွေးချယ်စရာမရှိတာပင်။

မနေ့ညတုန်းက သူဘယ်အချိန်မှာအိပ်ပျော်သွားမှန်း သူမသိဘူး။ one-night standနဲ့ လုံးဝကိုကင်းကင်းရှင်းရှင်းဖြစ်စေရန်အလို့ငှာ သူနိုးလာတဲ့အချိန် ကြမ်းပြင်ပေါ်က အဝတ်နှစ်ထည်ကို အလျင်အမြန်ဝတ်ဆင်ပြီး ကတိုက်ကရိုက်ပြေးထွက်လာခဲ့တာကြောင့် သေသေသပ်သပ်ဖြစ်မနေခဲ့ဘူး။

သူတို့တွေက one-night standတွေ ဟုတ်မဟုတ် မနေ့ညက သူအဲ့လူကို မေးခဲ့မှန်း ကျင်ရွှင်မှတ်မိသည်။

ရေချိုးခန်းထဲမှာ လိမ္မော်ရောင်မီးရောင်က တောက်ပနေပြီး ထိုအမျိုးသားက တိုးသက်စွာရယ်မောလာသည်။

ထိုဟာက သူပြုံးတာကို ကျင်ရွှင်ပထမဆုံးမြင်ဖူးခြင်းပင်။

အဓိပ္ပါယ်ကမသဲကွဲဘဲ ဆိုးရွားတာ မသာမယာဖြစ်တာမျိုးတော့ မဟုတ်ပေမဲ့ ၎င်းက သူ့အားကျောရိုးတစ်လျှောက်အေးစိမ့်သွားအောင် လုပ်ဆောင်နိုင်သည်။

အဲ့နောက်ချက်ချင်း အနည်းငယ်သောနာကျင်မှုကို သူခံစားလိုက်ရတာကြောင့် ထိုကိစ္စကိုမေးဖို့ မေ့သွားခဲ့ပြီး အချိန်ကြာတာတောင် သူအဖြေပြန်မရခဲ့မှန်းကိုလည်း မေ့သွားသည်။

အဲ့ဒါက သူတို့သဘောတူညီလိုက်ပြီလို့ပဲ ကျင်ရွှင်နိဂုံးချုပ်လိုက်သည်။

ထိုရယ်သံက ဒီလိုရမ္မက်သွေးကြွနေတဲ့အခြေအနေမှာ သူကဒီလိုမျိုးမေးခွန်းကို မေးလိုက်မိတာကြောင့် တစ်ဖက်လူက သူ့ကိုအတွေ့အကြုံမရှိ နုံအနေတယ်လို့ ထင်သွားတာကြောင့်လည်း ဖြစ်နိုင်တာပဲ…

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now