ပိုင်ဖုရဲန် အနေနဲ့ ကျင်းယွမ်က အသုံးမကျတာ မဟုတ်ပါဘူးလို့ ဘယ်လောက်တောင် ပြန်ပြောချင်လဲဆိုတာလေ။ လူငယ်လေးက သူ့ဘဝကို ဘယ်လို ပျော်ပျော်ရွှင်ရွှင် နေရမလဲ သိတာမဟုတ်ဘူး; သူက ဗုံးတစ်လုံးကို မျိုချထားသလိုမျိုးလုပ်နေတယ်။ အဲ့ဒီလူက သူ့ပစ်မှတ်ကိုတောင် လုံးဝ သော့ခတ်ထားတာ။ အခုဆို ဒုံးကျည်လွှတ်ဖို့ပဲ ကျန်တော့တယ်

ရိုးရိုးသားသားပြောရရင်တော့ လိင်တူလက်ထပ်တာကို လူတိုင်းက နားလည်လက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ အားလုံး သိပြီးသားပင်။ သူတို့က အလွန်ရှားပါးလိမ့်မည်။ သို့ပေမယ့် ပိုင်နဲ့မုမိသားစုရဲ့ စွမ်းအားတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ ဘယ်သူကမှ သူတို့စိတ်ထဲမှာရှိတဲ နားမလည်မှုတွေ အပျက်သဘောဆောင်တဲ့ ထင်မြင်ချင်တွေကို ထုတ်မပြောရဲကြဘူးလေ။ တကယ်တော့ သူတို့က ယဉ်ကျေးလှတဲ့ အပြုံးကိုပင် ဝတ်ဆင်ထားကြရသည်သာ။

တစ်ခြားသူတွေ ဘယ်လိုထင်လဲ ဆိုတာက အရေးမကြီးပေမယ့် အဲ့ဒီအတွေးတွေကို ထုတ်ပြောလာတာကတော့ မတူတော့ဘူး။ ပြီးတော့လည်း အဲ့ဒီ စကားကို ပြောလာတဲ့ လူက တစ်ခြားလူ ဟုတ်မနေခဲ့ဘူးလေ။ သူမက ယန်မိသားစုရဲ့ အငယ်ဆုံး သမီးဖြစ်နေတယ်။ ဒီစကားတွေက စစ်ကြေညာလိုက် သလိုမျိုးပဲ

ယန်မြောင်ကတော့ ဟဲမိသားစု အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ ရင်တစ်ခုလုံး ပူလောင်နေသည်။ တစ်ညနေလုံး သူမ ဘယ်လောက်တောင် စိတ်ရှုပ်ထွေးရလဲ ဆိုတာကို ပြန်စဉ်းစားမိတိုင်း သူမရဲ့ ဒေါသက ပိုပြီးတော့သာ တောက်လောင်လာသည်သာ။ သူမက အိပ်ယာမဝင်ခင်မှာ သူမရဲ့ ခင်ပွန်းသည်နဲ့ ကလေးများအပေါ်မှာပါ ဒေါသပုံချပစ်လိုက်သည်။

နောက်တစ်နေ့မနက်မှာတော့ နောက်ကျသည်အထိ အိပ်လေ၏။ မသိလိုက်ပါပဲ ဘေးဒုက္ခရောက်သည့် အိမ်မက်တစ်ခု မြင်မက်မိသည်။ သူမ နိုးလာတဲ့အချိန်မှာ ပထမဆုံး မြင်လိုက်တဲ့အရာက မုန်းတီးရွံရှာမှုတွေ ပြည့်နှက်နေတဲ့ သူမ ခင်ပွန်းသည်ရဲ့ သွေးနီရောင် မျက်လုံးများဖြစ်သည်။ နိုးတစ်ဝက် ဖြစ်နေတဲ့အချိန်မှာ မြင်လိုက်ရတဲ့ ထိုမြင်ကွင်းက သူမအား ချွေးအေးများ ထွက်လာစေ၏။ သို့သော်လည်း မျက်တောင်ခတ်ပြီး သေချာ ပြန်ကြည့်တဲ့ အချိန်မှာတော့ သူမ ခင်ပွန်းသည်ရဲ့ မျက်လုံးများက ပုံမှန်အတိုင်း နွေးထွေးမှုများ ပြည့်နှက်နေဆဲသာ။ ခုနက မြင်လိုက်ရတဲ့ အရာက ဒီအတိုင်း စိတ်ထင်ယောင်မှားမှု တစ်ခုလိုပင်။

(Completed) Reborn as a good childWhere stories live. Discover now