Chapter《190》

Mulai dari awal
                                    

[တတိယသခင်မလေးဖေး : သူပြောတာတော့ ဒေါ်လေးကို ငယ်ငယ်က အရမ်းအလိုလိုက်ခဲ့မိတာ နောင်တရတယ်တဲ့။ အဲ့ဒါကြောင့် သူမက ဒီလိုမျိုး တစ်ကိုယ်ကောင်းဆန်ပြီး နှလုံးသားအေးစက်သွားခဲ့တာ]

[ဟန်ဟန်ရဲ့ မုမု : တစ်ချို့လူတွေက ဒီအတိုင်း မွေးဖွားလာကြတာ။ အဲ့ဒါက အလိုလိုက်တာ မလိုက်တာနဲ့ မဆိုင်ဘူး]

[တတိယသခင်မလေးဖေး : Mr မုပြောတာမှန်တယ်။ ရိုးရိုးသားသား ပြောရရင် ငါလည်း အဲ့ဒီလိုပဲထင်တယ်။ ငါ့မိဘတွေလည်း ငါ့ကို လိုချင်သမျှ အရာအားလုံး ပေးနေတာပဲ ဒါပေမဲ့ သူမလိုတော့ မဖြစ်သွားပါဘူး။ တစ်ချိန်လုံး ကိုယ့်အတွက်ကိုယ်ပဲ တွေးမနေဘူး]

[ယန်ရန် : ဟဲယွမ်က အိမ်ပြန်လာပြီ]

[မုမုရဲ့ဟန်ဟန် : သူက လုံးဝကောင်းသွားပြီလား?]

[ယန်ရန် : အင်း, အရမ်းကို အဆင်ပြေနေတာ။ အိမ်ပြန်ရောက်လာတဲ့ပုံစံက ယန်မြောင်ကို သူပြောထားတဲ့အတိုင်း အလုပ်ခရီးကနေ ပြန်လာသလိုပဲ သန့်ရှင်း သပ်ရပ်နေရော]

[တတိယသခင်မလေးဖေး : သူက တော်တော်လေးကိုတော့ အလိမ်တော်တာပဲ]

[မုမုရဲ့ဟန်ဟန် : ဟေး, မင်းတို့အဒေါ်က ရုတ်တရက် ယန်ရန်ရဲ့ လက်ထပ်ပွဲကို ဆန့်ကျင်လာတာ ဟဲယွမ်နဲ့များ ပတ်သတ်နေမလား? သူက အခုလေးတင် အိမ်ပြန်ရောက်တယ် ဆိုတော့လေ]

[မုမုရဲ့ဟန်ဟန် : ဘယ်လိုလုပ် အချိန်က ဒီလောက် တိုက်ဆိုင်နေရတာလဲ? သူပြန်လာတာနဲ့ ချက်ချင်းပဲ နင်တို့အဒေါ်လည်း ဖုန်းခေါ်လာတာပဲ]

[ယန်ရန် : ငါလည်း အဲ့ဒီလိုပဲထင်တယ်။ သူက အရိုက်ခံရတဲ့အတွက် လက်တုန့်ပြန်ချင်ပေမယ့် လုပ်ရဲတဲ့ သတ္တိမရှီဘူးဖြစ်နေတယ် ဒါပေမဲ့ ယိုရန် ကောင်းကောင်း နေတာကိုလည်း မမြင်ချင်ပြန်ဘူး]

[တတိယသခင်မလေးဖေး : ငါ့အစ်ကိုပြောတာ မှန်တယ်။ သူ့ကို ရိုက်လိုက်တုန်းက အရမ်း သနားညှာတာမိသွားတယ်ဆိုတာ ရှင်းနေပြီ။ ငါတို့သူ့ကို မလှန်ရဲအောင် မလုပ်ပစ်လိုက်မိဘူး]

[မုမုရဲ့ဟန်ဟန် : အဲ့ဒီတုန်းကတော့ သူက နာခံနေတာကိုး ဒါပေမဲ့တစ်ချို့လူတွေက ဒီလိုပါပဲ။ သူတို့က အပြစ်ဒဏ်ပေးခံရတာကို မမှတ်ထားကြဘူး။ ဒဏ်ရာပျောက်သွားတာနဲ့ နာကျင်မှုတွေအားလုံးကို မေ့သွားရော]

(Completed) Reborn as a good childTempat cerita menjadi hidup. Temukan sekarang