***

ရိဟန်နဲ့ ကျန်တဲ့သူတွေရဲ့ group chat က လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက အဆက်မပြတ် တစ်တောင်တောင် အသံထွက်နေသည်။ လူတိုင်းက အဆက်အသွယ် ရှိနေကြပြီး သူတို့ကြားသိထားသမျှ အချက်အလက်အားလုံးကို ဝေမျှနေကြ၏။

[တတိယသခင်မလေးဖေး : အရေးပေါ်သတင်း။ မနေ့က ငါ့အဒေါ်က ငါ့ကို ဖုန်းခေါ်ပြီး နန့်ရှန်အကြောင်း မေးနေတယ်]

[မုမုရဲ့ဟန်ဟန် : ဒီကိစ္စက ပေါက်ကွဲပြီး အချိန်အတော်ကြာအောင် ဖြစ်ပွားနေတဲ့ဟာ နင့်အဒေါ်က အခုမှ သိတယ်တဲ့လား?]

[တတိယသခင်မလေးဖေး : ကျွစ်, အခုမှ သိတာတောင် တော်တော်လေး ကောင်းနေပြီဟ။ ယန်ဟွေနဲ့ ကျန်းကောတို့ လက်ထပ်တုန်းကဆိုရင် 'ရွံစရာကောင်းတယ်၊ အရှက်တရား ကင်းမဲ့လိုက်တာ' ဆိုတဲ့ စကားတွေပဲ ပြန်ပြောခဲ့တာ]

[မုမုရဲ့ဟန်ဟန် :အင်းလေ ဟုတ်ပါတယ် ဒီတစ်ခေါက်တော့ စောစော အာရုံစိုက်လာတာပေါ့။ အဲ့ဒိတော့ ဘာပြောလဲ၊]

[တတိယသခင်မလေးဖေး : ဆန့်ကျင်စကားကလွဲရင် ဘာပြောမှာလဲ? ယန်ဟွေနဲ့ ကျန်းကောတို့ကြားက လက်ထပ်ပွဲကတင် မိသားစုတစ်ခုလုံးကို အရှက်ရစရာ ဖြစ်နေပြီးသားတဲ့။ အခု ယန်ရန်က တစ်ပုံစံတည်း လုပ်လာပြန်ပြီ ဆိုပဲ။ သူ့ကြောင့်နဲ့တော့ အရှက်ခွဲ မခံနိုင်ဘူးတဲ့။ အဲ့ဒါက ရွံစရာကောင်းလွန်းလို့ အခုဆို အပြင်မှာ ဘယ်လိုမှ မျက်နှာတောင် မပြရဲတော့ဘူးဆိုပြိးတော့လေ။ ဖိုးဖိုးက အရမ်းကို ဒေါသထွက်နေတာ။ တစ်ညလုံး မအိပ်ပဲ စိတ်တွေတိုနေပြီး ညစာလည်း သိပ်မစားဘူး။ ငါ့ဦးလေးက သူ့ကိုစကားပြောဖို့ ကြိုးစားပေမယ့်လည်း အသုံးမဝင်ဘူးရယ်။ သူတို့နှစ်ဖက်လုံး ကြည့်ရတာ မပျော်မရွှင်နဲ့]

[မုမုရဲ့ဟန်ဟန် : ဘယ်လိုများ သူမက ဒီလိုပုံစံ ဖြစ်ရတာလဲ? ယန်ဟွေနဲ့ ယန်ရန်ရဲ့ မင်္ဂလာပွဲက ဘာများ ရှက်စရာ ရှိလို့လဲ? သူမက အရမ်းထူးဆန်းတာပဲ]

[တတိယသခင်မလေးဖေး : ဟုတ်တယ်မှတ်လား? ဖိုးဖိုးက သူမ စကားကို နားယောင်သွားမှာကို ငါအရမ်းကြောက်နေတာ။ ကံကောင်းလို့ သူက မပါသွားဘူး။ မပါသွားတဲ့အပြင် သူမကို အရမ်းစိတ်ပျက်သွားပြီလို့တောင် ပြောတယ်။နန့်ရှန်က ဘယ်လိုလူလဲ ဒါမှမဟုတ် ယန်ဟွေတစ်ယောက် ပျော်ရွှင်နေလား မပျော်ဘူးလား ဆိုတာတောင် သူမက ဂရုမစိုက်ဘူးတဲ့။ သူမပြောတဲ့ ပထမဆုံးအရာက အရှက်ရတယ် ဆိုတာပဲ ဖြစ်နေခဲ့တာ]

(Completed) Reborn as a good childWhere stories live. Discover now