***

ယန်ရန်က ခပ်မြန်မြန် လှုပ်ရှားလိုက်လေသည်။ ထိုနေ့ ညနေခင်းမှာပင် နန့်ရှန်ရဲ့ လိပ်စာကို ရပြီးတာနဲ့ နန့်ရှန်ကလွဲလို့ တစ်ခြားအထက်မှ တိုက်ခန်းပိုင်ရှင်အားလုံးကို ဆက်သွယ်လိုက်သည်။ ထို့နောက် သူတို့အိမ်များကို ဈေးမြင့်မြင့်ပေး၍ ဝယ်ယူရန် တိုက်တွန်းလိုက်သည်။ ပြီးတာနဲ့ ညတွင်းချင်း စာချုပ်လက်မှတ်ထိုးလေ၏။ သူ့တောင်းဆိုချက်ကတော့ သူတို့ကို ချက်ခြင်းပြောင်းရွှေ့ခိုင်းခြင်းပင်။

နန့်ရှန်ရဲ့ တိုက်ခန်းအဆောက်အဦးက ဟောင်းနွမ်းမနေသော်လည်း အသစ်လည်းမဟုတ်နေ။ စင်္ကြန်၏အစွန်းတစ်ဖက်တွင်ရှိသော ဓာတ်လှေကားနှစ်စင်းဖြင့် ရောက်နိုင်သည့် ထိုအထပ်တွင် အခန်းလေးခန်းရှိသည်။ ၎င်းတို့သည်လည်း မကြီးမားပေ။ ထောင့်မှ အခန်းနှစ်ခန်းက စတုရန်းပေတစ်ရာခန့်ရှိသည်။ အလယ်မှ တိုက်ခန်းနှစ်ခန်းကတော့ စတုရန်းပေ ရှစ်ဆယ်မှ ကိုးဆယ်ဝန်းကျင်ခန့်သာ ကျယ်၏။ နန့်ရှန်က ထောင့်စွန်းခန်းမှာ နေထိုင်ခြင်းပင်။ ယန်ရန်၏ ပြတ်သားသော လုပ်ရပ်ကြောင့် ထိုအထပ်တစ်ခုလုံး ရှင်းလင်းသွားခဲ့သည်။ ထို့နောက်မှာတော့ သူကိုယ်တိုင် နန့်ရှန်နဲ့ အနီးဆုံးအခန်းဆီသို့ ပြောင်းရွှေ့နေထိုင်လေ၏။

လွန်ခဲ့သည့် နှစ်ရက်လုံးက ယိုရန်အတွက် ဗလာဖြစ်စွာနဲ့ တစ်ရိပ်ရိပ် ဖြတ်သန်းနေရခြင်းပင်။ သူတို့ရဲ့ ဆက်ဆံရေးက ပြတ်တောက်သွားခဲ့ပြီမှန်းသူသိတယ်။ ထိုနေ့က တွေ့ဆုံမှုက သူ့အတွေးများကို ထပ်လောင်းအတည်ပြုပေးခဲ့သည်လေ။ တစ်ဖက်လူရဲ့ ချီတုံချတုံ ဖြစ်နေမှုနဲ့ တုန်လှုပ်နေတဲ့ အမူအယာတေက အားလုံးပြောပြနေပြီပဲ။ မေးခွန်းတွေ အတင်းအကြပ် ဆက်တိုက်ထုတ်ပြီးတဲ့အချိန်မှာ အဲ့ဒီလူက လက်ထပ်ပြီးသား ဆိုတာကို ဝန်ခံခဲ့တယ်။ အဲ့ဒါတောင် အဲ့ဒီလူက သူ့ဇနီးနဲ့ ချစ်ခြင်းမေတ္တာမရှိပါဘူးလို့ ရဲရဲတင်းတင်း ကြွေးကြော်ရဲသေးတယ်။ သူက ယောကျာ်းလေးတွေကိုပဲ သဘောကျတာပါတဲ့။ သူချစ်တာ ယိုရန်ပါဆိုပြီး။ ဒီအတိုင်းလေးပဲ ဆက်နေတာရော မကောင်းဘူးလားလို့တောင် သူက မေးခဲ့သေးတာ! ဘယ်လောက်တောင် ယုတ်မာလိုက်လဲ! အဲ့ဒါက ဘယ်လိုကောင်းနိုင်မှာလဲ?

(Completed) Reborn as a good childWhere stories live. Discover now