သတိ !

1.1K 61 3
                                    

ဒီ " အနမ်းရှိုက်သံ" ဆိုတဲ့ Fic လေးဟာ ကျွန်မ အသက် ၁၃ နှစ်လောက်က ဖန်တီးဖြစ်တဲ့ လက်ရာလေးပါ။

အမြဲတမ်း ဇာတ်လမ်းတွေကို တစ်ပိုင်း တစ်ဝက်နဲ့ ပစ်ချထားတတ်တဲ့ ကျွန်မအတွက် ပထမဆုံး အနေနဲ့ အစ အဆုံး ရေးဖူးတဲ့ ဇာတ်လမ်းလေး
ဆိုရင်လည်းမမှားပါဘူး။

အသက် ၁၃ နှစ်မှာ intro စ ရေးခဲ့ပြီး အသက် ၁၄ နှစ်ကျော်တဲ့အခါ ဇာတ်သိမ်းနိုင်ခဲ့ပါတယ်။

ဒါလေးကို အခု အသက်အရွယ်မှာ မေ့မေ့လျော့လျော့ ထားခဲ့ရာက Normal fic တွေ ရှာဖတ်မိရင်းက ရုတ်တရက် သတိရသွားခဲ့လို့><

ငယ်နုတဲ့အတွေးနဲ့ ဖန်တီးခဲ့တာဖြစ်လို့
လိုအပ်ချက်တွေရှိနေမှာတော့ အသေအချာပါပဲ။

တချို့သော အခန်းတွေကို ပြင်ဆင်ဖြည့်စွက်ပြီး၊ ပြောင်းလဲသင့်တာလေးတွေပြောင်းလဲပြီးတော့ ဇာတ်လမ်းကျောရိုးကိုတော့
မပြောင်းလဲပဲ ငယ်လက်ရာလေး ထင်ကျန်စေချင်တဲ့စိတ်တစ်ခုထဲနဲ့ ပြန်လည် အသက်သွင်းလိုက်ရပါတယ်။

ဇာတ်အိမ် အသွားအလာ ဟာ ဆယ်ကျော်သက် အရွယ် ကလေးငယ်
တစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်မှုနဲ့ ဖွဲ့စည်းခဲ့တာ
ဖြစ်လို့ ယုတ္တိမတန်တာမျိုး ဖြစ်သွားခဲ့ရင် နားလည်ပေးကြဖို့ တောင်းဆိုပါရစေ။

ဒါထက်ပိုလို့ အပြင်က မည်သူ
တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာစေလိုစိတ်မရှိပါဘူး။

တိုက်ဆိုက်မှုလေးတွေရှိခဲ့လို့ စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရင် ခွင့်လွှတ်ပါ လို့ ကြိုတင် တောင်းပန်ပါရစေ။

****

ဒီ " အနမ္းရႈိက္သံ" ဆိုတဲ့ Fic ေလးဟာ ကြၽန္မ အသက္ ၁၃ ႏွစ္ေလာက္က ဖန္တီးျဖစ္တဲ့ လက္ရာေလးပါ။

အၿမဲတမ္း ဇာတ္လမ္းေတြကို တစ္ပိုင္း တစ္ဝက္နဲ႔ ပစ္ခ်ထားတတ္တဲ့ ကြၽန္မအတြက္ ပထမဆုံး အေနနဲ႔ အစ အဆုံး ေရးဖူးတဲ့ ဇာတ္လမ္းေလး
ဆိုရင္လည္းမမွားပါဘူး။

အသက္ ၁၃ ႏွစ္မွာ intro စ ေရးခဲ့ၿပီး အသက္ ၁၄ ႏွစ္ေက်ာ္တဲ့အခါ ဇာတ္သိမ္းႏိုင္ခဲ့ပါတယ္။

ဒါေလးကို အခု အသက္အ႐ြယ္မွာ ေမ့ေမ့ေလ်ာ့ေလ်ာ့ ထားခဲ့ရာက Normal fic ေတြ ရွာဖတ္မိရင္းက ႐ုတ္တရက္ သတိရသြားခဲ့လို႔><

ငယ္ႏုတဲ့အေတြးနဲ႔ ဖန္တီးခဲ့တာျဖစ္လို႔
လိုအပ္ခ်က္ေတြရွိေနမွာေတာ့ အေသအခ်ာပါပဲ။

တခ်ိဳ႕ေသာ အခန္းေတြကို ျပင္ဆင္ျဖည့္စြက္ၿပီး၊ ေျပာင္းလဲသင့္တာေလးေတြေျပာင္းလဲၿပီးေတာ့ ဇာတ္လမ္းေက်ာ႐ိုးကိုေတာ့
မေျပာင္းလဲပဲ ငယ္လက္ရာေလး ထင္က်န္ေစခ်င္တဲ့စိတ္တစ္ခုထဲနဲ႔ ျပန္လည္ အသက္သြင္းလိုက္ရပါတယ္။

ဇာတ္အိမ္ အသြားအလာ ဟာ ဆယ္ေက်ာ္သက္ အ႐ြယ္ ကေလးငယ္
တစ္ေယာက္ရဲ႕ စဥ္းစားေတြးေခၚမႈနဲ႔ ဖြဲ႕စည္းခဲ့တာ
ျဖစ္လို႔ ယုတၱိမတန္တာမ်ိဳး ျဖစ္သြားခဲ့ရင္ နားလည္ေပးၾကဖို႔ ေတာင္းဆိုပါရေစ။

ဒါထက္ပိုလို႔ အျပင္က မည္သူ
တစ္ဦးတစ္ေယာက္ကိုမွ ထိခိုက္နစ္နာေစလိုစိတ္မရွိပါဘူး။

တိုက္ဆိုက္မႈေလးေတြရွိခဲ့လို႔ စိတ္အေႏွာင့္အယွက္ ျဖစ္သြားခဲ့ရင္ ခြင့္လႊတ္ပါ လို႔ ႀကိဳတင္ ေတာင္းပန္ပါရေစ။

အနမ်းရှိုက်သံWhere stories live. Discover now