*သာယာချိုမြိန်သော...."

သီချင်းကိုလိုက်ဆိုနေဆဲ ပြိုင်တူအသံနှစ်ခု ရပ်သွားသည်။

ပြီးတော့ မီးဖိုချောင်ဘက်ဆီမှ ထွက်လာသော လူရိပ်ကလေးနှစ်ခု။

စူးရှနှင့်ယုယငယ်ပေါ့။

အေပရွန်လေးတွေ ကိုယ်စီဝတ်ပြီး
စူးရှက ဟင်းမွှေသည့်ယောင်းမကြီးကိုင်ထားလက်စနှင့် ယုယငယ်ကတော့ ဓါးမကြီးကိုင်လျက်သားကြောင့် လင်းလတ် လန့်သွားသည်။

သူ့ ပုံစံက
ရန်သူဟူသမျှ လာလေစွ၊
ငါမူသည်ကား ရင်ဆိုင်သွား၍ မကြောက်ပါအံ့
ဟု စိန်ခေါ်နေသော လူကြမ်းကြီးနှင့်ပင်တူနေသယောင်။

"ဘာလို့သီချင်းကို ပိတ်လိုက်တာလဲ"

ယုယက ဘောက်ဆက်ဆက်မေးမှ လင်းလတ်သတိရသွားသည်။

"ဘာလို့ပိတ်ရမှာလဲ မင်းတို့ဖွင့်ထားတာက ခွန်နှစ်အိမ်ကြား ရှစ်အိမ်ကြား။
မနက်စောစောစီးစီး ဒါလူအိပ်ချိန်ကွ နားလည်ရဲ့လား။
မင်္ဂလာကိုမရှိဘူး"

သူ့စကားကြောင့် ယုယငယ်က ရှူးရှူးရှဲရှဲဖြစ်သွားသည်။

"ဘာကို စောရမှာလဲ နောက် နာရီနည်းနည်းဆို နေ့လည်ရောက်ပြီ ရှင်တို့သာ အလုပ်မရှိအကိုင်မရှိ"

"ဟ အလုပ်မရှိလို့ အိပ်တာပေါ့ကွ။
ပြီးတော့ မနေ့က ခရီးပန်းလာတာနဲ့ အိပ်ရေးကလည်းပျက်သေးတယ်။
မင်းသာ လူစိတ်ရှိရင် အဲ့လောက်အသံကျယ်ကျယ်ဖွင့်စရာမလိုမှန်းသိတယ်"

မနေ့က သူတို့ ဘန်ကောက်က ပြန်လာကြတာဖြစ်သည်။
ဒါပေမဲ့ ခဏလေးပဲ လေယာဥ်စီးရတာကို ခရီးပန်းလည်း ခဏတဖြုတ်ပေါ့။

ယုယငယ်က ပြူးပြူးပြဲပြဲဖြစ်သွားသည်။

"အိုး ခရီးက ဘာလို့ပန်းရမှာလဲ။
နင်ငါ့အကိုကို ညတုန်းက မရပ်မနား...."

"ဟာ မင်း ပေါက်တတ်ကရလျှောက်ပြောနေတယ် မိန်းမမဟုတ်ဘူးလား။
တစ်ခါထဲ ဘုရားတရားလေး မရှိဘူး"

"ကျွန်မတို့က ဘုရားတရားရှိတယ်။
ညကတောင် ဝတ်ပြုကြရင်းရှင်တို့အခန်းထဲက လက်ခုတ်သံတွေကြားနေတာကြောင့်
ဥပုသ်ကျိုးတယ်သိရဲ့လား"

A letter to A boy who is not a boy(Completed)Where stories live. Discover now