Part 2(Unicode )

3K 234 11
                                    

"အဟတ်!"

ရယ်သံကိုကြားတော့ ကောင်ကလေးက လှည့်ကြည့်လာသည်။
ဆွဲထားသော လက်ကို ဖြုတ်ချပြီး မျက်မှောင်ကြုတ် လိုက်၏။
ဘယ်လိုကောင်လေးပါလိမ့်။

"ရော့ အဲ့တာ အမိ ပိုက်ဆံအိတ်ထင်တယ်"

အမိ။
အမိတဲ့၊
တစ်မျိုးပြီးတစ်မျိုး အံ့သြစရာကောင်းနေတဲ့ ကောင်လေးမဟုတ်တဲ့ အဲ့ကောင်လေးကို ယုယ သဘောကျလာသည်။
စချင်လာသည်။

" ပိုက်ဆံ ရထားရင်လည်း စောစောထဲက လာပေးပါလား
ခုတော့ ဟိုဘွားတော်ရဲ့ အပြောအဆို တွေ ခံလိုက်ရတယ်""

"လာပေးပါတယ်။ ဆိုင်ထဲဝင်သွားတာကို မမြင်လိုက်လို့ မျက်ခြေပျက်သွားတာ။
အမိကိုတွေ့တော့ အမိက ဆိုင်ရှင်နဲ့ စကားများနေပြီလေ။
ပြီးတော့ အဲ့တာ ပြုတ်ကျနေတုန်းက ပိတ်ကပွင့်နေတယ်။
အထဲမှာ ပိုက်ဆံ ၅၀၀တန် တစ်ရွက်ပဲရှိတယ်"

စကားတွေ တရစပ် ပြောပြီး မျက်မှန်အဝိုင်းကို လက်ညှိုး နဲ့ မတင်လိုက်သေးသည်။
အရပ်လေးပဲ ရှည်နေတာ။ ကျန်တာ တကယ့် သေးသေးလေးတွေ။
လက်ချောင်းရှည်ရှည်လေးတွေကအစပေါ့။

" အင်း အဲ့တော့"

လက်ပိုက်ပြီး သူဘာဆက်ပြောမလဲသိချင်လို့
နားထောက်နေတဲ့ ပုံစံနဲ့လုပ်ပြတော့
သူက ဆက်ရှင်းပြသည်။

"အမိက ပိုက်ဆံလေး ငါးရာ ထဲနဲ့ ဆိုင်ထဲမှာ လေကျယ်နေတော့
အမိကို အဲ့ဆိုင်ရှင်က လှောင်မှာစိုးလို့ အမိသိက္ခာကို ဝင်ထိန်းပေးရုံပါ ဒါပဲ"

မျက်မှန်ကို ထပ်ပြီ ပင့်တင်လိုက်သည်။
သူ့ပုံစံ တစ်ခုစီတိုင်းကို ယုယ သဘောကျနေမိသည်။

"အဲ့တော့ တို့က မင်းကို ကျေးဇူး တင်ရမှာလား"

သူ့ကိုကြည့်ရတာ စကားတွေအများကြီးပြောပြီး စိတ်တိုနေတဲ့ပုံစံပေါက်လာလို့ ထပ်စမိသည်။
ရယ်တော့ရယ်ရသား ၊
လူတစ်ယောက်ကို တစ်ခါမှ ဒီလောက် ကြာကြာ စကားလက်ခံပြီး မပြောဖူးပါ။

"မလိုဘူး "

တကယ်ဒေါသထွက်နေပုံပဲ။
လှည့်ထွက်သွားတဲ့ သူ့ကို လှမ်းတားလိုက်ရသည်။
တကယ်ကြီးပဲ။

A letter to A boy who is not a boy(Completed)Where stories live. Discover now