Chapter 1✰Edited

Start from the beginning
                                    

သင်္ချာအိုလံပစ်နဲ့ ကွန်ပျူတာပရိုဂရမ်ရေးဆွဲပြိုင်ပွဲတွေက ဦးနှောက်သုံးရတဲ့အရာတွေလို့ ပြောလို့ရပေသည်။

၎င်းက သာမန်လူတွေလုပ်နိုင်တဲ့ အရာမျိုးမဟုတ်ပေ။

ချီးမွမ်းသံတွေနဲ့ လက်ခုပ်သြဘာသံတွေက တစ်ချိန်တည်းမှာပေါ်ထွက်လာကာ မရေမတွက်နိုင်တဲ့မိုက်ခရိုဖုန်းတွေကိုလည်း ကမ်းလှမ်းလာကြသည်။

" မတွန်းကြပါနဲ့!" ငြိမ်သက်အောင်ထိန်းသိမ်းရန် တာဝန်ရှိသောဝန်ထမ်းက ထပ်မံအော်ရပြန်၏။ မရေမတွက်နိုင်တဲ့ လက်နက်ကိုင်ရဲတွေက ချက်ချင်း လှုပ်ရှားတော့သည်။

အတိတ်မှာတုန်းက ဒီလောက်ထိ တိုးကြိတ်ကာပရမ်းပတာမဖြစ်ဖူးပေ။

သို့သော်ငြားလည်း ဒါက အောင်ပွဲခံပြီး အိမ်ကိုပြန်လာတဲ့ဂျီးနီးယပ်စ်တစ်ယောက်မို့ ဒီလိုစိတ်အားထက်သန်မှုမျိုးက သာမန်ပင်ဖြစ်လေသည်။

သို့ပေမဲ့ ကောင်လေးက သိမ်မွေ့ပြီးယဉ်ကျေးတဲ့ပုံစံမျိုးဆိုတာရှင်းလင်းလှသည် သူကရှိုးထုတ်တာလည်းမရှိသလို အထက်စီးဆန်တာမျိုးလည်းမရှိလေဘူး။

မိုက်ခရိုဖုန်းနဲ့ကင်မရာတွေက သူ့မျက်နှာကိုထိုးမိလုနီးပါးဖြစ်နေပေမဲ့ သူ့မျက်နှာမှာ ဒေါသအရိပ်အယောင် တစ်စိုးတစ်စိမျှပေါ်မလာခဲ့ချေ။ သူ့ရဲ့လှစ်ဟနေတဲ့ပါးပြင်က သွေးမရှိသလို ဖြူဖျော့နေသော်ငြား သူကအပြုံးလေးကို ဆင်မြန်းကာ သတင်းထောက်တွေရဲ့မေးခွန်းအချို့ကို ဖြေပေးနေဆဲပင်။

***

ကားထဲတွင် ကျင်ရွှင်ကထိုင်ခုံကိုမှီကာ ဖြည်းညင်းစွာအသက်ရှူနေ၏။

အောက်တိုဘာရောက်နေပြီ ဖြစ်ပေမဲ့ ကျင်ရွှင့်နဖူးပြင်ပေါ်မှာတော့ ချွေးတစ်လွှာစီဆင်းလို့နေသည်။

သူအေးနေသည်။ ၎င်းကချွေးစေးတွေပင်။

သူ ဘေ့စ်ဘောဦးထုပ်ချွတ်လိုက်ကာ သူ့နဖူးပေါ်က ချွေးတွေကို တစ်ရှူးဖြင့်သုတ်လိုက်၏။

အဲ့လိုလုပ်လိုက်တာကြောင့် သူ့ရဲ့ချောမောတဲ့မျက်နှာအသွင်အပြင်က လုံးဝကိုပေါ်ထွက်လာ၏ မျက်နှာကောက်ကြောင်းက ပြီးပြည့်စုံလုနီးပါးဖြစ်ကာ အသားအရေက နှင်းလွှမ်းနေသလိုမျိုး ဖြူဖွေးနေလျက်၊ အထင်ရှားဆုံးအင်္ဂါရပ်ကတော့ ညာဘက်မျက်လုံးထောင့်မှာရှိနေတဲ့ နူးနူးညံ့ညံ့မျက်ရည်ခံမှဲ့လေးပင်။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now