သိသာစွာပဲ ဝေရိရဲ့သေဆုံးခြင်းက ရင်းဆုယဲ့နှလုံးသားထဲက လူသတ်ချင်စိတ်ကို လျော့ချမပေးနိုင်ခဲ့ဘူး။ ထို့ကြောင့် ရင်းဆုယဲ့ရဲ့ ဒေါသတွေက ဝေရိခေါ်ဆောင်လာတဲ့ လူတွေအပေါ်ကို ပုံကျသွားတော့တယ်။

“…………”

တစ်ယောက်တည်း အမေးအဖြေလုပ်နေတဲ့ ရင်းဆုယဲ့ကြောင့် ထိုလူစုခမျာ ရင်ခံသွားရတယ်။ သူတို့က ရင်းဆုယဲ့ဆီမှာ အသနားမခံချင်လို့မဟုတ်ဘဲ ရင်းဆုယဲ့ရဲ့ ဖိအားအရှိန်အဝါကြောင့် မွန်းကျပ်ပြီး စကားမပြောနိုင်ခြင်းသာ ဖြစ်တယ်။

အခုတော့ သူတို့အားလုံး နောင်တရခဲ့ပြီ။ ရွှယ်ယို့ရှန်းကို ပြဿနာမရှာသင့်သလို ရင်းဆုယဲ့ရဲ့ ဒေါသကိုလည်း သွားမဆွခဲ့သင့်ဘူး။ အထူးသဖြင့် သူများယောင်တိုင်း လိုက်ယောင်ပြီး ရင်းဆုယဲ့ကို ဝေဖန်အပြစ်တင်တာမျိုး မလုပ်ခဲ့သင့်ဘူး။

ဒါပေမဲ့ လက်တွေ့ဘဝက သူတို့ကို နောင်တရခွင့်မပြုတော့ပါဘူး။

ရင်းဆုယဲ့ လက်မြှောက်လာတာကို အသံတိတ် ငေးကြည့်နေခဲ့ရတယ်။ ရင်းဆုယဲ့ရဲ့ လက်ညှိုးညွှန်ရာအတိုင်း သူတို့ရဲ့ မျက်လုံးထဲက အကြောက်တရား၊ စိတ်ပျက်အားငယ်ခြင်းတွေနဲ့အတူ ထာဝရ ပိတ်ကျသွားတော့တယ်။

“အဲ့တာဆို သေလိုက်တော့..”

သွေးဆာလောင်စိတ်ဆိုတာ စိတ်ရိုင်းဝင်ပြီးနောက်ပိုင်း ရင်းဆုယဲ့ရဲ့ စရိုက်လက္ခဏာတစ်ခု ဖြစ်လာခဲ့တယ်။ အထူးသဖြင့် တိုက်ပွဲဝင်နေတဲ့အချိန်မှာ သူ့ရဲ့စိတ်က မတည်မငြိမ်ဖြစ်နေလေ၊ သွေးဆာလောင်စိတ်က ပိုပြီးသိသာလေပါပဲ။

ပြီးတော့ ‘ကျားကို တောအုပ်ထဲ ပြန်မလွှတ်နိုင်’ ဆိုတဲ့ သူ့ရဲ့စည်းမျဉ်းအတိုင်း ရင်းဆုယဲ့က ‘ကျူပင်ခုတ် ကျူငုတ်ပါမကျန်’အောင် အမြဲတမ်း ရှင်းပစ်တတ်တယ်။ ‘လေနဲ့အတူ ပြန်ပြီးရွက်လွှင့်ခွင့် မပြုနိုင်ဘူး’။

ထို့ကြောင့် ဝေရိခေါ်ဆောင်လာသမျှလူတိုင်းကို သတ်ပစ်လိုက်ခြင်း ဖြစ်တယ်။

ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့နှလုံးသားထဲမှာ လူသတ်လိုစိတ်တွေ ပြည့်လျှံနေတဲ့အချိန် ရွှယ်ယို့ရှန်းက သူ့ရဲ့နောက်မှာ ရပ်နေခဲ့တယ်။ ထို့ကြောင့် ထိုလူများတွေကို ရက်စက်ဆိုးဝါးတဲ့ နည်းလမ်းတွေနဲ့ မသတ်ပစ်ဘဲ မျက်စိတစ်မှိတ်အတွင်း လက်စတုန်းပစ်လိုက်ရတယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now