Chapter 6 unicode

Start from the beginning
                                    

ဘာလို့မပြောရမှာလဲ၊နုနုအမေကစျေးထဲမှာတွေ့
ရင်တောင်သူ့သမီးကိုလင်ကောင်းပေးစားလိုက်နိုင်
တယ်ဆိုပြီးမျက်နှာကိုချီမော့နေတာများ။
ဟွန့်..သူ့သားမက်ကချမ်းသာတယ်လို့ပြောလည်း
သူ့သမီးကကျောင်းဆရာမပါပဲ။
ငါ့သားကတော့ဆရာ၀န်၊ငါ့ချွေးမကဆရာ၀န်လောင်းသူဌေးသမီးလေး..ဆိုပြီးနင့်အမေလည်းချေချင်စမ်းပါဘိ။
ပြီးတော့ဖြူဖြူလေးကသူ့သမီးနုနုလိုဘူးသီးအရင့်
ကြီးမှမဟုတ်တာ၊ဒီအရွယ်ကတည်းကဒီလောက်
ရင့်ပုံရနေရင်..ခလေးတွေမွေးကြည့်ပါလား၊အိုစာ
လိုက်မယ့်ဖြစ်ချင်း။
ဖြူဖြူလေးကမှချစ်စရာလေးပါကွယ်..တီဗီမှာလာ
တဲ့ကိုရီးယားမလေးအတိုင်းပဲ၊ဖြူနုနေတာ။
ကလေးရရင်လည်းမြေးတွေကချစ်စရာကောင်းလိုက်မယ့်ဖြစ်ချင်းနော်။
"ဒါဆို မင်းအတည်ဆုံးဖြတ်ပြီးပြီနော်၊ ပြီးမှမိဘ
တွေကိုခွေးဖြစ်အောင်မလုပ်နဲ့..."

>>>>>>>>>>>>>>
ကိုကိုအမေကလာပြီး..ကိုကိုကဖြူဖြူ့ကိုလက်ထပ်
ချင်တယ်လို့ပြောတော့..ဖြူဖြူ့နားတောင်မယုံနိုင်ခဲ့
ဘူး။ ကိုကိုကအဲ့လောက်လွယ်လွယ်နဲ့ပြောင်းလဲမဲ့
သူမှမဟုတ်တာ။
" ဟုတ်လို့လားဟင်?..."
" ဒါပေါ့..ဖြူဖြူရဲ့..သမီးရဲ့ဆရာ အဲ..အန်တီ့သားကနဂိုကတည်းကမိဘစကားနားထောင်ပါတယ်..
သူ့အဖေကော၊အန်တီကောသူ့ကိုသေချာဆုံးမ
ပြီးပါပြီ..."
" အဲ့လို မလုပ်ပါနဲ့အန်တီ... ဖြူဖြူတကယ်ဘာမှမဖြစ်ဘူးမို့..ကိုကိုကလည်းလက်ထပ်စရာမလိုပါဘူး"
" ဖြူဖြူက အန်တီ့သားနဲ့များလက်မထပ်ချင်
လို့လားဟင်..."

ဖြူဖြူကခေါင်းကိုဖြေးညှင်းစွာရမ်းခါပြီး ..
" ကိုကို့ကိုစိတ်မညစ်စေချင်ဘူး...."
" ဘာများလဲလို့...ယောက်ျားလေးတွေကအဲ့တိုင်း
ပါပဲ၊လွတ်လွတ်လပ်လပ်နေတတ်တော့အိမ်ထောင်
ပြုရင်ခြေချုပ်မိမှာကိုကြောက်ကြတယ်လေ...
ဒါပေမယ့်လည်းခဏပါပဲသမီးရယ်...အတူနေကြည့်လိုက်၊အဲ့ကြသူတို့မဟုတ်တဲ့အတိုင်းပဲ။
လက်ထပ်ပြီးရင်ကလေးစောစောသာယူလိုက်သိလား
၊သားကတစ်ဦးတည်းသောသားဖြစ်နေလို့..သူတစ်ယောက်ထဲနေရတာကိုမကျေနပ်ဘူးလေ...
သူငယ်ငယ်ကဆိုအငယ်အရမ်းမျှော်ခဲ့တာကွယ်...
သူ့ရင်သွေးသာရလာကြည့်ပါလား တုန်နေမှာပဲ..."

အဖြူရောင်နုနု(complete)🚨Where stories live. Discover now