အခန်း ၄

Start from the beginning
                                    

"ဝင်ခဲ့ပါ" ချန်ကျောင်က အရေးကြီးကိစ္စ မရှိရင် သူ့ကို မနှောက်ယှက်တတ်ပေ။ ချန်ကျောင်က ဝင်လာပြီး ပြောလိုက်သည်။

"အစ်ကိုမို ဥက္ကဌမိုက ဖုန်းဆက်ပြီး ဒါက မိသားစုကိစ္စလို့ပြောလို့ အစ်ကို့ကို လာရှာရတာပါ"

ချန်ကျောင်ပြောတဲ့ ဥက္ကဌမိုက မိုမိသားစုက အကြီးဆုံးအစ်ကိုကြီး မိုရိယန်ဖြစ်သည်။ မိုရိချန်က မိုမိသားစုထဲတွင် ဒုတိယအကြီးဆုံး ဖြစ်ကာ သူ့အောက်တွင် ပြင်သစ်၌ ပညာသင်ကြားနေသော ညီငယ်လေး ရှိသေးသည်။ ဖေဖေမို ဆုံးပါးသွားပြီးနောက် ကျန်ခဲ့တဲ့အိမ်ခြံမြေကုမ္ပဏီကို မိုရိယန်က အဓိက တာဝန်ယူထားပြီး ​ဖျော်ဖြေရေးကုမ္ပဏီ အများစုကို မိုရိချန်ရဲ့ နာမည်အောက်တွင် ထားသော်လည်း သူက ဒါတွေကို မစီမံနိုင်ပေ။ အခြေအနေကို သေချာမသိကြတဲ့ အပြင်လူအချို့ကတော့ မိုရိယန်က မိုမိသားစုရဲ့ ဖျော်ဖြေရေးကုမ္ပဏီတွေကိုလည်း တာဝန်ယူထားတယ်လို့ ထင်နေကြသည်။

"ကောင်းပြီ ဖုန်းကို ငါ့ဆီလွှဲပေးလိုက်" 

ဒူဒူက အလုပ်ကို အောင်မြင်စွာ လက်ခံကြောင်း ပြနေတဲ့ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်ကာ ဂိမ်းကို ပိတ်လိုက်ပြီး ဖုန်းကို လွှဲပြောင်းယူလိုက်သည်။

ကုမ္ပဏီကိစ္စတွေကို ဖြေရှင်းပြီးနောက် သူ့ရဲ့ အနားယူချိန်က ၅မိနစ်သာ ကျန်တော့သည်။ "အစ်ကိုမို ခဏလောက်နားလိုက်ပါဦး။ ကျွန်တော် ဒါရိုက်တာကို နှစ်မိနစ်လောက် နောက်ကျမယ်လို့ ပြောထားလိုက်မယ် "    ချောင်ကျောင်က မိုရိချန်ရဲ့ မျက်လုံးအောက်က အမည်းဝိုင်းတွေကိုကြည့်ကာ အနည်းငယ် စိတ်ပူသွားသည်။မိုရိချန်က ဖုန်းပေါ်ကအချိန်ကို တစ်ချက်ကြည့်လိုက်ကာ

"ထားလိုက်ပါတော။ အခုသွားကြရအောင်။ ပြီးတော့ သစ်သီးတချို့ ပြင်ပေးပါဦး"

"....ကောင်းပြီ"

"ဒီနေ့ ဘယ်အချိန်လောက် ပြီးမယ်ထင်လဲ"

ချန်ကျောင် : "အားလုံးပြီးဖို့ဆိုရင် ကိုးနာရီဝန်းကျင်လောက်လို့ ခန့်မှန်းထားပေမယ့် မနက်ဖြန် အစ်ကိုရိုက်ရမယ့်အခန်း မရှိတာကြောင့် နေ့လည်ပိုင်းမှာတော့ Tvလိုင်းတစ်ခုနဲ့ အင်တာဗျူးတစ်ခု စီစဥ်ထားတယ်"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now