အခန်း ၄

Start from the beginning
                                    

ဒင်!!

ဖုန်းက ရုတ်တရက်မြည်လာသည်။

ပထမတော့ မိုရိချန်က ဒါကို ဂရုမစိုက်မိပေ။ အလုပ်မှာ အရေးကြီးကိစ္စတစ်စုံတစ်ရာ ရှိလျှင် ချန်ကျောင်က သူ့ကို အကြောင်းကြားဖို့ လာလိမ့်မည်။

နေပါဦး...ဒီရင်းနှီးနေတဲ့အသံက elf rebirth projectဂိမ်းရဲ့ အကြောင်းကြားချက်အသံပဲ။ ထိုအရာလေးရဲ့ရှက်တတ်ပြီး နူးညံ့တဲ့မျက်လုံးလေးတွေကို တွေးရင်း....

ပင်ပန်းနွမ်းနယ်မှုတွေနဲ့ အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် ဖုန်းကို ဖွင့်လိုက်သည်။

[ဂိမ်းမျက်နှာပြင်] နတ်သူငယ်ဒူဒူက အချိန်ပိုင်း အလုပ်လုပ်ဖို့ လျှောက်ထားနေပါသည်။ ကစားသမားက သဘောတူမလား မတူဘူးလား ရွေးချယ်နိုင်ပါသည်။ အောက်တွင် ဖော်ပြထားသော ယွမ်းစွော်ရဲ့ လျှောက်လွှာပုံစံ: မင်္ဂလာပါမိုရိချန် ကျွန်တော်အလုပ်ထွက်လုပ်လို့ ရမလား။ ကျွန်တော်အလုပ်ကြိုးစားပါ့မယ် (???)

မိုရိချန်က မျက်မှောင်ကြုတ်ကာ သူနှစ်ရက်လောက် အလုပ်များနေတာကြောင့် ဒီအရာငယ်လေးကို မေ့လုနီးပါးပင်။သဘောတူသည်ကို နှိပ်လိုက်သည်။ 

[ဂိမ်းမျက်နှာပြင်] ကျေးဇူးပြုပြီး အချိန်ပိုင်းအလုပ်ရဲ့အဆင့်တွေကိုရွေးချယ်ပေးပါ: စတင်သူ၊အလယ်၊အဆင့်မြင့်၊ အထူး သက်ဆိုင်ရာနာရီအလိုက် လုပ်အားခ: ရွှေဒင်္ဂါး၅ပြား၊ ရွှေဒင်္ဂါး ၁၅ပြား၊ ရွှေဒင်္ဂါး၃၀ပြား၊ ရွှေဒင်္ဂါး၅၀ပြား။

မိုရိချန်က အဆင့်တွေကို နှိပ်ကာ တိကျတဲ့ အချက်အလက်တွေက ဘာတွေလဲ မသိတာကြောင့် ကောင်လေးက သူ့ခြေတိုလက်တိုလေးတွေနဲ့ အလုပ်အများကြီး မလုပ်နိုင်မှာကို တွေးကာ စတင်သူရဲ့အလုပ်က ပိုရိုးရှင်းမည်လို့ ယူဆလိုက်သည်။ 

စတင်သူကို နှိပ်လိုက်သည်။

သူနောက်ဆုံးအစာကျွေးခဲ့တာက လွန်ခဲ့တဲ့နှစ်ရက်ကမို့ အရမ်းပင်ပန်းနေလောက်ပြီလို့တွေးကာ အစာကျွေးဖို့ ဂိမ်းထဲဝင်လိုက်သည်။ ထိုအချိန်မှာပဲ တံခါးခေါက်သံထွက်လာကာ အပြင်ဘက်မှ ချန်ကျောင်ရဲ့အသံထွက်လာသည်။ "အစ်ကိုမို ဖုန်းလာနေတယ်"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now