ပွဲထဲဝင်လာတော့ပွဲကစနေပြီပင်၊တယောက်ပြီးတယောက်အဘိုးအတွက်မွေးနေ့လက်ဆောင်တွေပေးကြသည်၊ဇာတ်လိုက်မတို့ကတော့အဘိုးကိုတန်ဖိုးကြီးတွေပေးကြသည်၊

သူပွဲထဲရောက်လာတော့သူ့ကိုမြင်တဲ့ဇာတ်လိုက်မတို့သားအမိကသရဲမြင်တဲ့အတိုင်းမျက်နှာတွေဖြူနေကြသည်မှာရယ်ချင်စရာပင်

မြတ်သုတကပထမဆုံးသတိဝင်လာပြီး

"မင်းကဘယ်လိုလုပ်ဒီရောက်နေတာလဲ"

ဇာတ်လိုက်မမှာထိတ်လန့်ပြီူအသံကျယ်သွားတာကြောင့်အကုန်လုံးဟာသူတို့ကိုသတိထားမိပြီးကြည့်နေသည်၊

ဇာတ်လိုက်မမှာအဲ့တော့မှသူအသံကျယ်သွားတာကိုသတိထားမိသွားသည်

လရောင်လည်းပြုံးပြီး
"ငါကဘာလို့ဒီမှာမရှိရမှာလဲ ဒါကငါ့အဖိုးရဲ့မွေးနေ့လေ"
လူအုပ်ကြီးမှာလည်းမြတ်သုတကိုရူးနေလားဆိုတဲ့အကြည့်နဲ့ကြည့်ကြသည်၊သူ့အဖိုးရဲ့မွေးနေ့ကိုသူ့မြေးလာတာဖြ‌စ်သင့်တာပဲလေ၊

မြတ်သုတလည်းသူကိုလူတွေကြည့်နေတာမြင်တော့
"ငါကဒီလိုဆိုလိုတာမဟုတ်ပါဘူး၊အရင်တုန်းကမင်းအဖိုးမွေးနေ့ကိုမလာဘူးလေ၊ဒီနှစ်ကျမှမင်းလာတော့ငါဝမ်းသာသွားလို့ပါ၊ပြီးတော့ဒီနှစ်ကျမှအဖိုးကသူ့အမွေတွေလွှဲပေးမယ်ဆိုတော့လူတွေကမင်းအဖိုးမွေးနေ့လာတာရည်ရွယ်ချက်ရှိတယ်ဆိုပြီူထင်ကုန်မှာစိုးလို့ပါ"

မြတ်သုတစကားကြောင်လူတွေဟာလရောင်ကိုမသိတတ်တဲ့ကလေး၊အမွေတွေကြောင်အဖိုးမွေးနေ့ကိုလာတဲ့လူလို့ပြောကုန်ကြသည်

"ငါကအရင်နှစ်တုန်းကဘာလို့မလာတာလဲဆိုတာမင်းတို့အသိဆုံးမလား"
လရောင်စကားကြောင့်မြတ်သုတထိတ်လန့်သွားသည်၊လရောင်မှာဘာသက်သေမှမရှိတာသူသေချာသိပေမဲ့ဒီလိုအရေးကြီးတဲ့အချိန်မှာပြသနာဖြစ်လို့မရပေ
"မင်းဘာပြောချင်တာငါမသိပေမဲ့အဖိုးရဲ့မွေးနေ့မှာပြသနာမဖြစ်စေချင်ဘူး၊ဒါကြောင်ပြသနာတွေမဖန်တီးပါနဲ့ကွာ"
မြတ်သုတစကားကြောင်လရောင်မှာပြသနာဖန်တီးသူလိုသူကပဲစိတ်သဘောထားပြည့်ဝတဲ့မြေးလေးလိုသဘောသက်ရောက်သွားသည်
"ကိုယ်ပြုတဲ့ကံကိုယ့်ထံပြန်တဲ့ နောက်ကျသွားတာနဲ့စောတာပဲကွားသွားတာ မင်းတို့မိသားစုလဲကိုယ်စိုက်တဲ့အသီးကိုယ်ပြန်စားရတော့မှာပါ"
ဦးမြတ်ကျော်လဲလရောင်စကားကြောင့်ဒေါသထွက်လာပြီး
"မင်း ကိုယ့်အဖေကိုဒီလိုပြောစရာလား မင်းငရဲကျမှာမကြောက်ဘူးလား၊မင်းညီလေးကိုကြည့်စမ်းဘယ်လောက်သဘောထားပြည့်ဝလိုက်သလဲမင်းသူ့ကိုအတုယူသင့်တယ်"
"ခင်ဗျားသူ့ကိုဒီလိုပြောဖို့အခွင့်အရေးမရှိဘူး"
ဂုဏ်ရောင်မှာကောင်လေးနောက်ကိုလိုက်လာတော့သူ့ကလေးကိုဝိုင်းအနိုင်ကျင့်ခံရတာမြင်လိုက်သည်၊အဖေတယောက်ကဒီလိုပြောတာဖြစ်သင့်ရဲ့လား၊သူ့ကောင်လေးရဲ့ခံစားချက်တောင်ဂရုမစိုက်ဘဲနဲ့၊သူ့ကောင်လေးရဲ့အကြောင်းကိုစုံစမ်းကတည်းကဒီအကြောင်းတွေသူသိပေမဲ့လည်းဒီကောင်လေးနာကျင်တဲ့အကြောင်းကိုစဥ်းစာမိတိုင်းနာကျင်မိဆဲပဲ

System WhiteWhere stories live. Discover now