ဒေါ်မိုးမြတ်စံအနည်းငယ်အံ့အားသင့်သွားသော်ငြားဘာစကားမှထပ်မဆိုပဲခေါင်းကိုသာငုံ့လို့မျက်ရည်စက်တွေအားကွယ်ဝှက်လိုက်ချေသည်။
ဒီနှစ်တွေမှာသူတို့မိသားစုအခက်ခဲတွေအများကြီးကြုံတွေ့ခဲ့ကာ၊အဓိကထောက်တိုင်ဖြစ်တဲ့ ဦးသက်ဦးတရှောင်ရှောင်ဖြစ်လာချိန်တွင်ပို၍သိသာလာခဲ့သည်။
အပိုဝင်ငွေဆိုလို့နေသက်နွေး၏လစာလေးသာရှိပေမဲ့ အခုလိုမျိုးမိုးသက်စွေ၏လုပ်ရပ်မှာဖခင်လုပ်သူအားသေမင်းခံတွင်းဝသို့ကျရောက်လုနီးပါး။
နေသက်နွေးခြံထဲဆင်းလာတဲ့အခါ ခရေပင်အိုအောက်ဝယ်ကျော်ဇေယံထွဋ်ဖုန်းပြောနေတာကြောင့်ဘေးနားတွင်အသံမပေးပဲရပ်တန့်နေ၏။
" သြော် ... နွေး "
နေသက်နွေးခေါင်းလေးစောင်းကာကျော်ဇေယံထွဋ်အနားပို၍တိုးကပ်လိုက်သည်။သူ့ခေါင်းပေါ်ကျရောက်တဲ့လက်ဖဝါးကနေစီးဆင်းလာတဲ့အနွေးဓာတ်ကလေးအားသဘောတကျတိုးဝှေ့လိုက်တဲ့အခါ ရယ်သံလွင်လွင်လေးထွက်ပေါ်လာလေသည်။
ကိုကိုကချောတယ် ။
ပြုံးလိုက်ရင်၊သွားတွေအများကြီးပေါ်တဲ့အထိရယ်လိုက်ရင် တအားချောတာ။" ကိုကို "
ကျော်ဇေယံထွဋ်ထူးပြုသည့်နှုတ်သံပြုပြီးနောက်ကောင်ငယ်လေး၏နီရမြန်းစပြုနေသောနားရွက်ထိပ်ကလေးအားဆော့မြူနေ၏။
" နေ ....နေ ခဲ့ချင် ...နေခဲ့ချင်တယ်"
" မရဘူး "
ကျော်ဇေယံထွဋ်ကချက်ချင်းဆိုသလိုကိုခွန်းတုန့်ပြန်လိုက်ဖြစ်လေသည်။ နေသက်နွေးမျက်လုံးဝိုင်းဝိုင်းလေးတွေပြူးကျယ်လို့နှုတ်ခမ်းပါးပါးလေးတွေမှာပွင့်ဟသွားချေသည် ။
ကျော်ဇေယံထွဋ်ငြင်းလိမ့်မည်လို့သူလုံးဝကိုထင်မှတ်မထားဖြစ်၏။" မင်းကိုပဲ လွှတ်လိုက်ရင်ပြန်မလာမှာဆိုးလို့ငါကိုယ်တိုင်လိုက်လာတာ။ ထင်တဲ့အတိုင်းပဲ လူလည်လေး"
လောကတွင် နေသက်နွေးကို'လူလည်လေး'၏သမုတ်သူမှာလည်းကျော်ဇေယံထွဋ်သာရှိလိမ့်မည်။
အခန်း ( ၁၉)
Start from the beginning