အခန်း ( ၁၄ )

259 13 0
                                    

Unicode

သူရိန် လမ်းတစ်လျှောက်လုံး စဉ်းစားနေမိသည်က ဇေယျာ့အကြောင်းကိုပင်။ ဇေယျာက သူ့ကို အသုံးချနေတာလို့ ပြောတာကို သူကိုယ်တိုင် ကြားခဲ့ရပြီးပြီ။ ဒါကိုတောင် စိတ်မနာနိုင်သေးတဲ့ သူ့ကိုယ်သူလည်း ရှက်မိပါ၏။

တခြားသူ‌တွေကတော့ သူက ဇေယျာ့ကို ရှောင်နေတယ်ဟု မြင်နေပေလိမ့်မည်။ တကယ်တော့ ဇေယျာမသိအောင် ခိုးခိုးကြည့်နေရသည်ကို သူပဲ နားလည်သည် ။ ကျောင်းဆင်းရင်လည်း ဇေယျာတို့ ဆိုင်ကယ်နောက်ကနေ ‌လိုက်ခဲ့သည်မှာ ဇေယျာတို့လမ်းထိပ်ရောက်သည်အထိပင်။ ချစ်ရသူကတော့ သတိမထားမိပါချေ။

ဆယ်ကျော်သက်အရွယ်မှာ စတင် ဖြစ်တည်ခဲ့တဲ့ အချစ်က တစ်ဖက်သတ်အချစ်ပါတဲ့ ...

ဇေယျာ့ကို မြင်မြင်ချင်းကတည်းက သူ စိတ်တွေလှုပ်ရှားခဲ့ရသည်။ ကျောင်းအပ်တဲ့နေ့မှာ လမ်းပိတ်ရပ်ထားမိတဲ့သူ့ကို ' လမ်းလေးနည်းနည်းလောက် ဖယ်ပေးလို့ရမလားခင်ဗျာ ' ဟု ရိုရိုသေသေ ‌မေးမြန်းတောင်းဆိုလာသည့် ဖြူဖြူသွယ်သွယ်ကောင်လေး ... ထိုကောင်လေးရဲ့နောက်မှာတော့ အသားညိုညိုနဲ့ ကျောင်းသားတစ်ယောက်အပြင် သူရိန့်ကို ဖော်ရွေစွာ ပြုံးပြနေသည့် အန်တီတစ်ယောက်လည်း ရှိနေပေ၏။

ထိုကောင်ငယ်လေး၏ အသွင်အပြင်ကိုကြည့်ပြီး အငယ်တန်းကဟု ထင်မှတ်မိပါသော်လည်း ကိုးတန်းဆရာမတွေရှိနေသည့် နေရာကိုရောက်တော့မှ သူနဲ့အတန်းတူတူဖြစ်ကြောင်း သိရလေသည်။

ဆရာမတွေကို ခေါင်းလေးငုံ့ကာငုံ့ကာနှင့် လက်ကလေးပိုက်ပြီး တရိုတသေပြောနေသည့် ထိုကောင်လေးက နေရောင်အောက်တွင် တစ်ယောက်ထဲ တောက်ပနေလျက် ...

ထိုကောင်လေးကိုကြည့်ပြီး သူရိန့်ရင်ထဲ ဒုတ်ခနဲ ခုန်သွားပါသော်လည်း ကျောင်းစအပ်တဲ့နေ့မလို့ ရင်ခုန်နေတာပါဟု ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်မိသည်။

တကယ်တော့ စတွေ့တဲ့အချိန်က‌တည်းက ဇေယျာလင်းထက်ဟာ သူရိန်ခန့်ညားရဲ့ ရင်ဘတ်ထဲမှာ နေရာယူပြီးသားပင် ...

ကျောင်းစဖွင့်တဲ့ရက်ကိုရောက်တော့လည်း ထိုဖြူဖြူသွယ်သွယ်ကောင်လေးနှင့် တစ်ခန်းထဲအတူကျတာမို့ သူရိန် မသိစိတ်ထဲကနေ ပျော်မိပါ၏။ သူငယ်ချင်းတွေဖြစ်သည့် မင်းမြတ်နှင့် ခန့်ဇော်တို့က ထိုကောင်လေးအကြောင်းပြောတုန်းကတောင် သူ မသိချင်ယောင်ဆောင်နေခဲ့သေးသည်။

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Where stories live. Discover now