လူနှစ်ယောက် ရေချိုးခန်းထဲက ထွက်လာပြီးတဲ့နောက် သူတို့က ကျွန်တော့်မျက်စိရှေ့က ဆိုဖာပေါ်မှာ လူးလှိမ့်နေကြတော့တယ်။

'ထားလိုက်ပါတော့လေ သူတို့တွေက သဘောထားကြီးကြီးနဲ့ ငါ့ကို ကြည့်ခွင့်ပေးထားမှတော့'

'ငါလည်း ကြည့်နေရုံပဲပေါ့'

... သဘာဝကျစွာနဲ့ ထင်ထားတဲ့အတိုင်း ဒါက သူမတူအောင်ခမ်းနားပြီး အဆုံးမသတ်နိုင်တဲ့ နူးညံ့သိမ်မွေ့မှုတို့ ပါနေတယ်။

ရှမင်ရှုနဲ့ဆို လော့ယွီချန်က ဘယ်လောက်တောင် နူးညံ့နေလိုက်လဲဆိုတာကို ကျွန်တော် တအံ့တဩဖြစ်နေရတယ်။

ဒီလိုအရာမျိုးက ကျွန်တော် ဘယ်တုန်းကမှ မျှော်လင့်ဖို့တောင် မရဲခဲ့တဲ့အရာဖြစ်တယ်။ ဘယ်လောက်ထိတောင်လဲဆို လော့ယွီချန်ရဲ့ခန္ဓာကိုယ်မှ အရိုး'နု'တစ်ချောင်းတောင် ရှိရဲ့လားဆိုတာကို ကျွန်တော် တွေးမိခဲ့တဲ့အထိပဲ။

နောက်ပြီး အခုဒီလိုမြင်ကွင်းမျိုးကို မြင်လိုက်ရတာက ကျွန်တော့်ရဲ့အရင်ကောက်ချက်တွေက ခပ်ချဉ်ချဉ်စပျစ်သီးတွေသာဖြစ်တယ်ဆိုတာကို သက်သေပြလိုက်တာပဲဖြစ်တယ်။

လော့ယွီချန်က အလွန်တရာကို သိမ်မွေ့ပေးနိုင်တယ်။

အတိုင်းထက်အလွန် ချစ်မြတ်နိုးတတ်ပြီး နူးနူးညံ့ညံ့နဲ့ အလိုလိုက်ပေးနိုင်တယ်၊ ဘာမှမဟုတ်တဲ့ ချိုချိုသာသာတီးတိုးစကားတွေလည်း ဆိုတတ်တယ်။

မျက်လုံးတွေက အားကိုးရာမဲ့ဖြစ်နေတဲ့ တချိန်တည်းမှာပဲ ကျွန်တော့်ရဲ့လောကအမြင်ကလည်း တစ်စစီပြိုကွဲသွားရတယ်။

ဒါကို ကျွန်တော် ဘယ်လိုပြောရမလဲ?

မှန်းထားတဲ့အတိုင်း ပျော်ရွှင်နေတဲ့ရှမင်ရှုကို မြင်ရတာက ကျွန်တော့်ကိုယ်ကျွန်တော်အတွက် မကျေနပ်တဲ့တိတ်ဆိတ်မှုတစ်ခုကို ရစေတယ်။

အကယ်၍များ တအားစိတ်ပိုင်းဖြတ်ခဲ့ပြီး ကျွန်တော့်ကိုယ်ကျွန်တော် မလိမ်ခဲ့ဘူးဆိုရင် ပြီးတော့ ကျွန်တော်တို့ကြားက ကမ္ဘာတွေခြားလောက်တဲ့ကွဲပြားမှုကို စောစောက သတိပြုမိခဲ့ရင် ဒါဆိုရင် ကျွန်တော့်အသက်ကိုလည်း ကယ်တင်ကောင်း ကယ်တင်နိုင်ခဲ့လိမ့်မယ်။

Like Love But Not [ ဘာသာပြန် ]Where stories live. Discover now