အခန်း ( ၁၈)

Start from the beginning
                                    

အသက်၂၈နှစ်အတွင်းရည်းစားတွေလည်းထားခဲ့ဖူးသလို၊အလှအပမျိုးစုံအောင်လည်းမြင်တွေ့ခဲ့ဖူးပြီးတာတောင်အနှီကောင်လေးဟာတော့ မျက်တောင်မခတ်ချင်လောက်အထိသူ့အားညှို့ငင်ခဲ့သည်။

တောရိုင်းသားကောင်တစ်ကောင်ဟာသမင်ပျို၏အလှနွံမှာနစ်မွန်းသွားသလိုမျိုး၊ အသွင်အပြင်ကအစဆံချည်မျှင်လေးတွေအထိ မြတ်နိုးလိုက်ရတာ။

" စနေနာမ်တွေအိမ်ထဲမသွင်းကောင်းဘူးလို့ရှေးလူကြီးတွေစကားကိုငါကလွန်ဆန်ခဲ့တာ။ စနေနာမ်လေးကငါ့နှလုံးသားထဲအထိ ဝင်ပြီးမွှေသွားတော့တာပဲ "

~

" ကို ကို "

ပြတင်းပေါက်အားရုတ်တရက်ဖွင့်လိုက်တာကြောင့်အလင်းရောင်စူးစူးကဝင်ရောက်လာကာကျော်ဇေယံထွဋ် စောင်အားခေါင်းမြှီးခြုံလိုက်ချေသည်။

" တနဂ်နွေနေ့လေ နွေးရာ "

နားရက်လေးနှောင့်ယှတ်ခံလိုက်ရတဲ့အခါကျော်ဇေယံထွဋ်အသံမှာမှိုင်းထိုင်းသွားကာငိုမဲ့မဲ့ဖြစ်သွား၏။

နေသက်နွေးကျော်ဇေယံထွဋ်ဘေးဆောင့်ကြောင့်ထိုင်ကာဒူးနှစ်ဖက်ပေါ်လက်တင်ရင်း ထိုအတိုင်းစောင့်နေသည်။

" ကို .. ကို "

" အွန်း ... "

" သက်...သက်စွေ ...မိန်းမ... မိန်းမခိုးပြေး ..သွားလို့တဲ့ "

အသက်လည်းမပြည့်သေးတဲ့အပြင်ဆယ်တန်းဖြေပြီးတာတောင်သိပ်မကြာကြသေးချေ ။ အမေကတော့နေသက်နွေးဆီဖုန်းဆက်ကတည်းကငိုနေခြင်းဖြစ်က အဖေကတော့.....

အဖေကတော့အားလုံးထက်သက်စွေအပေါ်ပို၍မျှော်လင့်ထားသူဖြစ်တာကြောင့်ထိုကိစ္စကြားကတည်းကသွေးတက်ကာပစ်လဲပြီးနောက်လေပါဖြတ်သွားခဲ့သည် ။

နေသက်နွေးလက်သည်းတွေကုတ်ခြစ်နေမိကာ အမေပြောသည့်စကားတွေအားနားထဲထပ်တလဲလဲကြားယောင်နေမိသည် ။

ကျော်ဇေယံထွဋ် ငုတ်တုတ် ထိုင်ပြီးနောက်သူ၏ဆံပင်တွေမှာအနည်းငယ်ရှုပ်ပွလို့နေကာ၊မျက်ဝန်းတွေကလည်းရီဝေနေတုန်းဖြစ်ချေသည်။

နေရောင်ခြည်လို   နွေးWhere stories live. Discover now