"ငါမင်းကိုချစ်တယ် မင်းကိုဂရုစိုက်ချင်တယ် ကျေးဇူးပြုပြီးငါ့စကားကိုနားထောင်ပါ"

ပြောပြီး Brightရဲ့လက်ကလေးကိုနမ်းလိုက်တယ် Brightတုန်လှုပ်သွားပြီး သူ့လက်ကိုအမြန်ဆွဲယူလိုက်တယ်

"ငါ့အတွက်ဘာစားစရာရှိသလဲ ဗိုက်ဆာပြီ"

"ရှိသာပေါ့ ခဏစောင့်ပါနော်"

Winလည်း Brightနဖူးပေါ်ဆံပင်ကိုဖယ်လိုက်ပြီး Brightမနက်စာအတွက် သွားယူပေးလိုက်တယ် ရေတစ်ခွက်ပါယူလာတယ်

"ငါးစွပ်ပြုတ် Bright အကြိုက်အစားစာဟုတ်တယ်မလား"

Brightခေါင်းကလေးညိတ်လိုက်တယ် winကဘယ်လိုလုပ်ပြီးသိလည်းသူနားမလည် သူတကယ်တော့ winနဲ့သိသာမကြာသေးဘူးလေ

"ကဲ ပါးစပ်ဟ"

"ငါ့ဖာသာစားနိုင်တယ်"

"ငါသိတယ် ဒါပေမယ့်ငါမင်းကိုအကောင်းဆုံးဂရုစိုက်ချင်တယ် နားလည်လား"

ပြောပြီး Brightရဲ့ပါးကိုနမ်းလိုက်တယ် Brightလန့်ပြီး သူ့ပါးကိုချက်ချင်းကိုင်ပြီး မျက်လုံးပြူးသွားတယ်

"ပါးစပ်က ကိုယ့်ဘာသာဟမလား ငါဟပေးရမလား"

Brightချက်ချင်း ပါးစပ်ဟလိုက်တယ် winပြုံးပြီး ထမင်းကိုကျွေးလိုက်တယ် ထမင်းအကုန်စားပြီးတော့ Brightကိုဆေးတစ်လုံးပေးလိုက်တယ် Brightလည်းဆေးသောက်ပြီး ရေကိုသောက်လိုက်တယ်

"အိပ်ပြီး အနားယူတော့ ပြောစကားနားထောင်ရင် မနက်ဖြန်လည်းပြန်ရပြီ"

Brightပျော်သွားတယ် သူလည်း winစကားကိုနာခံပြီး ချက်ချင်းအိပ်လိုက်တယ် သူ့အိမ်ကိုအရမ်းလွမ်းတယ် သူ့အဖေကိုလည်းအရမ်းလွမ်းတယ် သူကသူ့အဖေနဲ့ကြာကြာမခွဲနေဖူးဘူး သူ့အဖေရဲ့ဆဲသံကိုလည်းသတိရတယ် Brightကမနက်ဖြန်အိမ်ပြန်ရတော့မယ်လို့တွေးရင်းပျော်သွားတယ် အနားယူဖို့ဆက်အိပ်လိုက်တယ်

Winလည်း Brightနေသာကိုတွေ့ရတယ် Brightရဲ့ကျောကလေးပေါ်သာကိုတွေ့ရတယ် အရိုက်ခံထားရသလိုလိုနဲ့ ရောင်ရမ်းနေတယ် အမဲစက်အဖြစ်ပြောင်းသွားသာကိုတွေ့ရတယ် winကသူ့ကလေးရဲ့အနာကိုမြင်ရတော့ သူမျက်ရည်ဝဲပြီး Brightအတွက်စောင်ခြုံပေးလိုက်တယ်

လှည့်စားတဲ့ချစ်ချင်းWhere stories live. Discover now