part 5

516 42 0
                                    

Unicode

'Yibo'ဟု ရေးထားသော
contactလေးကို ရှောင်းကျန့်နှိပ်လိုက်သည်။

သည်ကောင်လေးနှင့်မတွေ့ဖြစ်တာ
တော်တော်ကြာပြီ ဖြစ်သည်။
ရှောင်းကျန့် နယ်ဘက်မှပြန်လာပြီး နောက်ကိုတစ်ခါမှ
မတွေ့ရသေး

ပုံမှန်ဆိုရင် ဖုန်းတော့ပြောဖြစ်သည်
သူလည်း အလုပ်ရှုပ်နေလို့ နေမည်

ထိုကောင်လေးက တစ်ဦးတည်းသောသားမို့ ပေလား
ရှောင်းကျန့် အပေါ်မှာ ခင်တွယ်ရှာသည်။

"ဟယ်လို.."

"အင်း ရိပေါ်..
နေကောင်းလား"

"ဟုတ် ကောင်းတယ်ဗျ"

"မနက်ဖန် ရိပေါ်အားလား
မားကလေ သူ့မွေးနေ့မို့တဲ့လေ
မနက်ဖန် အိမ်မှာ မုန့်လုပ်ကျွေးမလို့တဲ့
အဲ့တာ ရိပေါ်အားရင်.."

"အင်း ကျွန်တော်လာခဲ့မယ်"

"လိပ်စာကို  ကိုယ် မက်ဆေ့ချ်ပို့ပေးမယ်နော်"

"ဟုတ်ကဲ့"

"...."

"ကောင်းသောညပါ ရှောင်း"

"အင်း good night ရိပေါ်"

တစ်ဖက်က ဖုန်းကိုမချပဲကိုင်ထားသေးသောကြောင့်
ရှောင်းကျန့်ကသာ end callကိုနှိပ်လိုက်ရသည်

"ကျန့်ကျန့်"
အသံလာရာကို ကြည့်လိုက်တော့
အခန်း၀ကနေ ခေါင်းထွက်ပြီး ပြုံးစိစိမျက်နှာနှင့် လီလီမ။

"အဲ့ရုပ်က ဘာဖြစ်နေတာလဲ"

"ကိုကိုကလည်း..
လီလီ့ကိုဆို ပြောဖို့ပဲနော်"

"ဘာရယ် ဘာရယ်..
ကိုကို! ဟုတ်လား
အမလေး လီလီမကို မကောင်းဆိုး၀ါးတွေ ဘာတွေ
၀င်ပူးနေတာလား"

"မနက်ဖန်ကျလေ လီလီ့ကို
mallလိုက်ပို့ပါနော်"

"မနက်ဖန် မားမွေးနေ့လေ လီလီရယ်"

"အင်း ငါသိပါတယ်
ငါက ညနေကိုပြောတာ
မနက်ပိုင်း မားကဂေဟာမှာ ကလေးတွေနဲ့ရှိမှာမို့လား"

"မနက်ပိုင်းက ကလေးတွေကို
အာဟာရ ကုသိုလ်လုပ်မှာလေ
နင်လည်း လိုက်ရမှာပဲ။
ညနေကျ မားက သူ့အချစ်တော်အင်ယာလေးကို
မုန့်လုပ်ကျွေးမယ် ဆိုပြီးခေါ်ထားသေးတယ်"

မောင့်အသက်ရဲ့မှီတည်ရာ ရှောင်းအပြုံးလို့ဖြေဆိုမယ်Where stories live. Discover now