part 3

646 42 0
                                    

Unicode

ရိပေါ် ရှောင်းမားမားနဲ့ဆွေးနွေးပြီးတော့
နေ့လည်တောင် ရောက်နေပြီဖြစ်သည်..

ရှောင်းမားမားမှာလည်း ရှောင်းလိုပဲ
ပါးချိုင့်လေးတွေရှိသည်...

"သား..ရိပေါ်
မားတို့နဲ့တစ်ခါတည်း နေ့လည်စာ လိုက်စားပါလား...
ခဏနေ ကျန့်လေးလာခေါ်မှာ.."
 
"ရပါတယ်..မား
ကျွန်တော် ပြန်တော့မှာဗျ.."

"အို..သားငြင်းရင် မားစိတ်မကောင်းဖြစ်မိမှာပဲကွယ်...
သားအကိုလည်းပါမှပဲ..သားရဲ့
သားတို့လည်း စကားလေးဘာလေးပြောကြပေါ့"

အကိုတဲ့..
ရှောင်းက ရိပေါ်အတွက်အကိုလား!

"တစ်ခါတည်းလိုက်စားလိုက် ရိပေါ်ရေ..
မဟုတ်ရင် မားကမင်းကိုတွေ့တိုင်း
ထမင်းလိုက်မစားတာကို တွေ့တိုင်းပြောနေမှာနော်"

ရှောင်းက သူ့မူပိုင်အပြုံးလေးကိုပြုံးရင်းဆိုလာသဖြင့်
ရိပေါ်လည်း ဆက်မငြင်းရက်တော့..

"ကျွန်တော့်ကားနဲ့လိုက်ခဲ့လိုက်လေ..
အပြန်ကျ ကျွန်တော်ဂေဟာ ပြန်ပို့ပေးပါ့မယ်"

"အင်း အဲ့လိုပဲလုပ်တာပေါ့"

"ချွမ့်ချွမ့်လေးနဲ့ဆော့နေပေးမယ် မို့လား
ယွမ်လေး.."
ရှောင်းက စောနကရှောင်းမားမား ပွေ့ထားသော
ကလေးလေးကို ကြည့်၍ဆိုလာ၏

"မီးမီး ဂျွမ့်ဂျွမ့်နဲ့ ဆော့ပေးပါ့မယ်..
ကျန့်ကျန့်"
ထိုကလေးမလေးက သွားလေးဖြီး၍
မပီကလာပီကလာ အသံလေးဖြင့်
ရှောင်းကို'ကျန့်ကျန့်'ဟု ခေါ်ကာပြောလေသည်..

"ဟုတ်ပြီ.. ကျေးဇူး ယွမ်လေး
ခဏနေရင် ပါးပါးပြန်လာခေါ်မယ်နော်..အချစ်လေး
ယွမ်လေးနဲ့ ဆော့နေခဲ့"

ရှောင်းက ချွမ့်ချွမ့်ဆိုသည့် အမွှေးစုတ်ဖွား
ခွေးမည်းလေးကို ခေါင်းပုတ်ရင်း ချော့နေသည်..

ရှောင်းက ခွေးအတော်ချစ်သည့် ပုံပါပဲ..

"ကျန့်လေးက အဲ့လိုပဲ သားရေ
သူ့သမီးဆို အရမ်းချစ်တာ..
ဟိုကလည်း သူအရမ်းအလိုလိုက်လေ ဆိုးကောင်းလေ"
မားက ရယ်မောကာ အရွှန်းဖောက်၏

မောင့်အသက်ရဲ့မှီတည်ရာ ရှောင်းအပြုံးလို့ဖြေဆိုမယ်Where stories live. Discover now