part 1

2.2K 90 2
                                    

Unicode

"ကူညီပါ ရိပေါ်ရာ"

"ငါ မအားဘူး"

"မင်းကလည်း လုပ်ပါကွာ..
ပွဲစီစဥ်သူက ဒီနေ့မှပြောလို့ကွ..
ငါလည်း ချက်ချင်းကြီးဆိုတော့
ဘယ်ကိုဘယ်လိုသွားရှာရမလဲ မသိလို့ပါကွာ.."

"ငါ့လူတွေကမအားဘူး..
siteထဲမှာ.."

"မင်းကွာ..
10နှစ်တာသံယောဇဥ်ကိုထောက်ထားပြီးဖြစ်ဖြစ်
သည်တစ်ခါတော့ကူညီပါကွာ.."
ကျို့ရန်က ငိုချတော့မည့်မျက်နှာထားနှင့်ပြောလာ၏။

"ပွဲက ဘယ်နေ့လဲ"

"မနက်ဖန်ကွ"

"ငါ့လူတွေကို အခုခေါ်လိုက်မယ်
မနက်ဖန်မရောက်ခင် ပြီးရင်ရပြီမို့လား.."

"အေး..ရတယ်..ရတယ်..
ကျေးဇူးပဲ..ပေါ်ကြီးရာ"

ရိပေါ်ဘာမှမပြောပဲ ခပ်စူးစူးသာစိုက်ကြည့်လိုက်သည်..
သည်ကောင်က အလုပ်ကိုဘယ်တော့မှကြိုကြိုတင်တင်မလေ့လာ..
လုပ်သည့်အလုပ်ကပွဲစီစဥ်ပေးသည့်Companyကမန်နေဂျာ...
တစ်ခုခုဆိုနီးမှလာအပူကပ်သည့်အကျင့်က အရင်ကအတိုင်း...

ရိပေါ်နေ့လည်ကတည်းက Stageဆောက်သည့်နေရာတွင်
ကြီးကြပ်နေရသဖြင့် အခုထိမနားရသေး...
Stageကလည်းအကြမ်းဖျင်းပြီးရုံသာရှိသေးသည်..
ပြီးလျှင်ပန်းများဖြင့်အလှဆင်ရမည်..စလိုက်မီးတွေလိုက်တတ်ရမည်..

ကိုယ်လည်းအားနေတဲ့လူမဟုတ်..
stageလိုက်ဆောက်တဲ့လာလည်းမဟုတ်..
တဖက်ကsiteကရှိသေးသည်..
ဒါကိုအပူလာကပ်သည့် သကောင့်သားကျို့ရန်ကိုသာ
ကြိတ်ဆဲမိသည်...

Stageကမနက်4နာရီရောက်မှသာ အကုန်ပြင်ဆင်ပြီး၏

ရိပေါ်ရဲ့တပည့်တွေလည်း တစ်ယောက်မှမနားရသေး..
သည်နေ့တော့ siteထဲမဆင်းခိုင်းပဲအနားပေးမှရမည်..
ကိုယ့်လူတွေက တစ်ချက်မငြီးပေမယ့်
ကိုယ်ကနားခိုင်းရမည်လေ... သူတို့လည်းပင်ပန်းရှာတာပဲ!!

ရိပေါ်လည်းအိမ်ပြန်နားချင်ပြီ..
ညကမအိပ်ရသဖြင့် လူကလန်းဆန်းမနေ..
ငြီးစိနေသဖြင့် ရေလည်းချိုးချင်သေးသည်..

"ငါပြန်တော့မယ်..ကျို့ရန်"

"နေပါအုံးကွာ.. မင်းကလည်း..
အခုဟောပြောမယ့်စာရေးဆရာတွေက နာမည်ကြီးတဲ့..
ဒီနေ့ပြောမယ့်အကြောင်းအရာကလည်း
လူ့အခွင့်အရေးတန်းတူညီမျှရရှိရေးတဲ့.."

မောင့်အသက်ရဲ့မှီတည်ရာ ရှောင်းအပြုံးလို့ဖြေဆိုမယ်Where stories live. Discover now