တစ်ဖက်လူက သူ့ဘေးမှာ ရှိနေသည့် ပန်းခြင်းအား တစ်ချက်ကြည့်လိုက်၏။ ထိုအပေါ်တွင် 'ပိုင်ရိဟန်ဆီမှ လက်ဆောင်မွန်' ဟု ရေးထားသော ကတ်တစ်ခု ရှိနေသည်။

"မင်းက မစွက်ဖက်ဘူးပေါ့လေ?" ကျန်းစုက ခပ်လွင်လွင်လေး ရယ်မောလာသည်။

"ဖေးဖေးကို ငါနဲ့ ရင်းရင်းနှီးနှီး မနေအောင် မင်းတိတ်တဆိတ် တားမြစ်ထားတာ ငါမသိဘူး ထင်မနေနဲ့, ဘာလဲ? ငါက မင်းညီမလေးကို မကောင်းတဲ့ အပြုအမူတွေ သင်ပေးမှာ စိုးရိမ်နေတာလား?"

"အိုး, မင်းလေးရယ်" ယန်ဟွေက ဒေါသထွက်ဟန်ဖြင့် တိုးတိုးလေး ပြန်ပြောလေသည်။

"ကိုယ်ကြောက်တာက သူမက မင်းကို မကောင်းတာတွေ သင်ပေးမှာကိုပါ, ကိုယ့်အချစ်ဆုံးလေး, ကိုယ်မှားတာ ကိုယ်သိပါတယ်, မနေ့ညက အရမ်းလွန်သွားမိတယ်, ကိုယ်တောင်းပန်ပြီးနေပြီလေ ကျေးဇူးပြုပြီး စိတ်လျော့ပါကွာနော်?"

တစ်ဖက်လူရဲ့ မျက်နှာက နီစွေးသွားပြီး အေးစက်စက် ပြန်ပက်သည်။

"ငါတို့က လူရှေ့သူရှေ့မှာနော်! ဘာတွေလာပြီး လျှောက်ပြောနေတာလဲ?"

"ကြည့်ပါလား" ယန်ဟွေက တီးတိုး ထပ်ပြောသည်။

"ကိုယ်တို့ နိုးကတည်းက ကိုယ်ပြောသမျှ စကားတိုင်းကို မင်းပြန်ပြောနေတာ, မင်းက အရမ်းကို ဒေါသထွက်နေပြီး ကိုယ့်အပေါ် မကျေနပ်မှုတွေ ပြည့်နှက်နေတယ်, ကိုယ်အရမ်းဝမ်းနည်းရတယ်"

ထိုစကားကြောင့် ကျန်းစုမှာ လူရှေ့သူရှေ့ ဖြစ်နေတာတောင် ဂရုမစိုက်နိုင်တော့

"မင်းက ဝမ်းနည်းတယ်ပေါ့လေ?" သူက သွားကြားက ထွက်လာတဲ့ လေသံနဲ့ ခပ်ကြမ်းကြမ်းတီးတိုးပြန်ပြောသည်။

"မင်းဒီထက်ပိုပြီး အရှက်မရှိလို့ ရဦးမလား? ဒီနေ့ ငါ့ရဲ့ ဆိုင်ဖွင့်ပွဲရှိတာကို မင်းသိနေတာတောင် ညနက်တဲ့အထိ ဆက်လုပ်နေတယ်, ငါဘယ်လောက်ပဲ တောင်းပန်နေပါစေ မင်းမရပ်တန့်ခဲ့ဘူးလေ...." သူက ရပ်တန့်ပြီးမှ စကားပြန်ဆက်၏။

"မင်း ငါ့ခံစားချက်တွေကိုရော ထည့်သွင်းစဉ်းစားခဲ့ရဲ့လား?"

(Completed) Reborn as a good childWhere stories live. Discover now