"ဟုတ်သား, ငါ့မှာ လုပ်စရာ ရှိသေးတာကို မေ့နေတာ, အခု သွားမှဖြစ်မယ်, မင်းဒီမှာ နည်းနည်း ပိုကြာကြာ နေဦးမှာလား?"

ရိဟန်က ခေါင်းညိတ်သည်။

"အိုး, ဒါဆိုလည်း သွားလိုက်လေ, ကျွန်တော်ဒီမှာပဲ နေခဲ့မယ်, ကျင်းယွမ်က ခဏနေရင် လာခေါ်မယ် ပြောထားလို့,ပြီးတော့, ကျေးဇူးပြုပြီး ချင်ဖုန်းနဲ့ ကိစ္စကို စဉ်းစားပေးပါဦး"

ဖန်းရီက နားလည်ကြောင်း အသံတစ်ချက်ပေးကာ ခေါင်းညိတ်၍ နှုတ်ဆက်လိုက်ပြီး ကော်ဖီဆိုင်ထဲမှ ထွက်သွားတော့သည်။

ရိဟန်က သိသာထင်ရှားလှသည့် ပျင်းရိငြီးငွေ့နေသည့် ပုံစံလေးနဲ့ လေးတွဲစွာ မှီချလိုက်သည်။ သူက သူ့ခေါင်းလေးအား လက်ပေါ်တင်ထားလိုက်ပြီး သူ့ကော်ဖီခွက်ထဲ သကြား တစ်ခဲထည့်လေတယ်၊ ပြီးတော့ နောက်တစ်ခဲ.....ထပ်ပြီး နောက်တစ်ခဲ..

ရုတ်တရက် သူ့နားနောက်ဘက်ကနေ ခပ်နိမ့်နိမ့် အသံတစ်ချက် ကြားလိုက်ရသည်။

"မင်းက ပြီးပြည့်စုံနေတဲ့ ကော်ဖီတစ်ခွက်ကို ဖျတ်ဆီးနေတာပဲ" ထိုအသံက ပြောလာ၏။

ထိုအသံက ရိဟန်နဲ့ အလွန် ရင်းနှီးနေတာကြောင့် သူ့အရိုးများထဲ ထွင်းထည့်ထားသလိုပင်။ သို့သော်ငြားလည်း ထိုအသံကို ကြားရတိုင်း သူ့ကျောရိုးတွေ ယားယံလာသလို ခံစားရမြဲ။

"ရောက်ပြီလား" ရိဟန်က ပြန်ပြောရင်း အသံလာတဲ့ဆီမှ ရှောင်ထွက်လိုက်ကာ အပြောခံလိုက်ရတဲ့ သူ့နားလေးကို ပွတ်သပ်မိသည်။

"မင်းရော ကော်ဖီတစ်ခွက်လောက် သောက်မလား?"

ကျင်းယွမ်က ရိဟန်ဘေးက ထိုင်ခုံမှာ ဝင်ထိုင်သည်။ သူက သကြားတုံး သေးသေးလေးများ တောင်လိုပုံနေသည့် ကော်ဖီခွက်ကို တစ်ချက်ကြည့်လိုက်ပြီး ခပ်တိုးတိုး ရယ်မောလာလေသည်။

"ကိုယ်ရောက်နေတာကြာပြီ" ကျင်းယွမ်က ပြန်ပြောသည်။

"တစ်စုံတစ်ယောက်က ကိုယ့်ကို သတိတောင်မထားမိဘူးဆိုတော့ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ"

"ဟန်?" ရိဟန်က အံ့အားသင့်သွားမိ၏။

"ဘယ်အချိန်တုန်းက ရောက်လာတာလဲ?"

(Completed) Reborn as a good childWhere stories live. Discover now