အခန်း ၁

Start from the beginning
                                    

ယွမ်းစွော်က သူကကျုံ့သွားပုံပေါ်နေတာကို တွေ့လိုက်ပြီး သူ့လက်တွေက ဝကစ်နေကာ ခြေလက်တွေကလည်း တိုနေပြီး သူ့မျက်နှာကို ထိကြည့်ဖို့ လက်ကိုဆန့်ထုတ်လိုက်တဲ့အခါ အသားတွေအများကြီးရှိနေကာ ပိုထွားနေပုံရသည်။

ဒင်!!! လေဟာနယ်ထဲတွင် အသံတစ်ခုထွက်လာသည်။

"မင်္ဂလာပါ ကိုးခုမြောက်ကြယ်တာရာခရိုင်က မင်းသားလေး ယွမ်းစွော်ရေ ဒီနေရာကတော့ 'elf rebirth project'လို့ခေါ်တဲ့မိုဘိုင်းဂိမ်းရဲ့ အတွင်းပိုင်းစမ်းသပ်မှုနေရာ ဖြစ်ပါတယ်။ elfအဖြစ် ပြုစုပျိုးထောင်ခံရဖို့ ရွေးချယ်ခံလိုက်ရတဲ့အတွက် ဂုဏ်ယူပါတယ်"

သူမွေးကတည်းက ကြီးပျင်းလာသည်ထိ နေလာခဲ့တဲ့ကြယ်တာရာကမ္ဘာမှာက စက်ရုပ်သံတွေနဲ့ လေဟာနယ်ထဲကလိုအသံတွေနဲ့ သိပ်မစိမ်းတာကြောင့် သိပ်မတောက်ပပေမယ့် ကြည်လင်နေတဲ့မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သံသယဖြင့်မေးလိုက်သည်။ 

"အမ် မင်းရဲ့စကားလုံးတွေက ဘာကိုဆိုလိုတာလဲ"

"....."

လေဟာနယ်ထဲတွင် မြင်ကွင်းတစ်ခုပေါ်လာပြီး 'elf rebirth project'ရဲ့ မိတ်ဆက်တဲ့ အသေးစိတ်အချက်အလက်တွေကို သူနဲ့ဆက်နွယ်နေတဲ့အချက်အလက်တွေဖြင့် အထက်တွင် ပြသလာသည်။ အတိုချုံးပြောရရင် ဂိမ်းစနစ်က ကြယ်တာရာကာလတွင်းက သန့်စင်တဲ့ စိတ်ဝိညာဥ်တွေကို ကျပန်းရွေးယူကာ သူတို့ကို စနစ်ရဲ့elvesများအဖြစ်ပြုလုပ်ကာ ပြန်လည်ရှင်သန်ဖို့အခွင့်အရေးပေးတာဖြစ်သည်။ နတ်သူငယ်တွေ(elves)ကို ကစားသမားတွေက ထိန်းသိမ်းကာ စောင့်ရှောက်ပေးထားကြသည်။ လုပ်ငန်းစဥ်အတွင်းတွင် နတ်သူငယ်များကို ဆက်လက်အဆင့်မြှင့်သွားနိုင်ကြသည်။ အမြင့်ဆုံးအဆင့်ကို တစ်ခါရောက်တဲ့အခါတိုင်း ပြန်လည်မွေးဖွားကာ သူတို့အရင်က ရှိခဲ့တဲ့ကာလကို ပြန်သွားဖို့ အခွင့်အရေးရှိကြသည်။

ဒါကသူ့အတွက် သေးငယ်တဲ့စိန်ခေါ်မှုလေးပဲလို့ ယွမ်းစွော်က သေချာနားလည်ရင်း လက်ဝတုတ်လေးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။ 

"ဒီလိုပြောတယ်ဆိုတော့ ငါကပြန်ပြီး ရှင်သန်နိုင်တယ်ပေါ့ ဟုတ်လား"

ဒီချစ်စရာလေးကို ပြုစုပျိုးထောင်မယ် (Completed)Where stories live. Discover now