Part 5 🌚

2K 83 22
                                    

Unicode..

Driver  လာခေါ်မယ်ဆိုလို့ သာ ပြင်ဆင်ပြီးစောင့်နေရပေမဲ့ သူဒီလိုပွဲတွေကိုမသွားချင်ပါ အထူးသဖြင့် လူရှုပ်တဲ့နေရာတွေဆို သူပိုလိုတောင်မသွားချင်ပါ ဒါပေမဲ့လဲ ဟို ကျက်သရေတုံးက  မလိုက်ရင်လဲ စောက်အမျိုးမျိုးပူညံပူညံလုပ်ဦးမှာစိုးတာကြောင့် ပြင်ဆင်ပြီးသာစောင့်နေလိုက်‌တော့သည်။

တီးတောင်✨✨

မမလေး ဆရာကခေါ်ခိုင်းလိုက်လို့ပါ

S:) ဟုတ်ကဲ့ အခုလာခဲ့လိုက်မယ်နော်ဦးလေး

Company ကိုရောက်တာနဲ့ ရှင်ဖုန်းရဲ့ရုံးခန်းထဲကို တန်းဝင်သွားလိုက်သည်...ဝင်ဝင်ချင်းမြင်လိုက်ရတာက ကောင်မ‌တယောက်က ရှင်ဖုန်းကို ပွတ်လားသက်လား လုပ်နေတာကိုမြင်လိုက်တော့ ‌ရွှေအိမ်စံဒေါသကထောင်းကနဲထွက်သွားသည်

X:) Bae ရောက်လာပြီးလား ကိုယ့်ကို ဖုန်းဆက်တာ မဟုတ်ဘူး ကို အောက်ထိ လာကြိုပေးမှာပေါ့

S:) ဟုတ်တယ် မိန်းမိန်း ယေ bae လာတာ ကို မိန်းမိန်းသိလို့ လာကြိုရင် ပင်ပန်းနေမှာစိုးလို့

ရွှေအိမ်စံက ရှင်ဖုန်းရဲ့ ပေါင်ပေါ်ဘေးစောင်းလေးထိုင်ကာ လည်ပင်းကိုလက်နှစ်ဖက်ချိတ်ကာပြောလိုက်သည်...

S:) ဪ မိန်းမိန်း သူက ဘသူလဲ ဟင်

X:) အဲ့တာ ကိုယ့်အတွင်းရေးမှုးလေ  Bae ရဲ့

S:) ဪ.....မိန်းမိန်း Bae ကော်ဖီသောက်ချင်လို့..👉👈

X:) အေမီယေ Baeအတွက်ကော်ဖီတခွက်လောက်ယူခဲ့ပေးပါဦး သကြားလုံးဝမထည့်ခဲ့နဲ့  Bae ကအချိုမကြိုက်ဘူး

‌*အေမီ ဆိုတာက ရှင်ဖုန်းရဲ့အတွင်းရေးမှုးပါနော် ရှင်ဖုန်း နားကို တအား ကပ်ချင်နေတဲ့သူပါပဲ ပြောရရင် စနိုက်မဲ့သူပေါ့*

အေမီတယောက်စိတ်တိုတို‌နှင့်သာကော်ဖီသွားဖျော်လိုက်ရတော့သည်..

အေမီ ထွက်သွားသည်နှင့် ‌ရှင်ဖုန်းပေါင်ပေါ်ကနေ ချက်ချင်းပြန်ထလိုက်သည်

X:) နေပါဦး ပေါင်ပေါ်ပဲ ဆက်ထိုင်နေလို့ ရပါတယ်

S:) ရှင်ဖယ် စမ်း လွှတ် ဘသူမှလဲ ရှင့်ပေါင်ပေါ်ထိုင်ချင်မနေဘူး

You are my everythingWhere stories live. Discover now