ရွှယ်ယို့ရှန်း မေးလာတဲ့အချိန်တိုင်း ပြန်ဖြေပေးနေရတာကို ပြန်တွေးမိလိုက်တော့ မြေခွေးခမျာ ဝမ်းနည်းသွားရတယ်။ တစ်ချိန်တည်းမှာပဲ ရွှယ်ယို့ရှန်းရဲ့ မပြီးဆုံးနိုင်တဲ့ မေးခွန်းတွေကြောင့် ဒေါသမထွက်ဘဲ စိတ်အေးလက်အေး ပြန်ဖြေပေးနေနိုင်တဲ့ သူ့ကိုယ်သူ ချီးကျူးဂုဏ်ယူမိတယ်။

ဒါပေမဲ့လေ ဒီလက်အောက်ငယ်သားရဲ့ စိတ်အခြေအနေကို နည်းနည်းလောက် နားလည်သောအားဖြင့် တခြားမေးခွန်းတစ်ခု ပြောင်းမေးလို့ရမလားဟင်..?

“ဟူး..!”

ရွှယ်ယို့ရှန်းက သက်ပြင်းမောချလိုက်တယ်။

အမှန်တကယ်တော့ မြေခွေးဆီကနေ အဖြေပြန်ရဖို့ မမျှော်လင့်ထားပါဘူး။ ဘာလို့လဲဆိုတော့ သူက ရင်းဆုယဲ့ရဲ့ အခြေအနေကို တခြားလူတွေထက် ပိုသိနေလို့ပဲ။ ဘာလို့လိုက်မေးနေသလဲဆိုတော့ ပြောရမယ်ဆိုရင် သူပျင်းလို့။ ပျင်းလွန်းလို့ ကိုယ့်ကိုယ်ကို စကားပြန်ပြောနေတာ။

“ဆက်အိပ်နေမယ်ဆိုရင် ရင်းဆုယဲ့ကတော့ ‘အိပ်ပျော်နေသော အချောလေး’ ဖြစ်တော့မှာပဲနော်..!”

ရွှယ်ယို့ရှန်းတစ်ယောက် ရင်းဆုယဲ့ရဲ့ ပြိုင်ဘက်ကင်းအောင် ချောမော့ခန့်ညားတဲ့ မျက်နှာလေးကိုကြည့်ရင်း ထိုစကားကို မပြောပဲမနေနိုင်တော့ဘူး။

(TN : ‘Sleeping Beauty’ ကိုမှ Male Version ‘Sleeping Handsome’ ။ တချို့တွေက သိပ်မချစ်သလို သိပ်လည်း ဘက်မလိုက်ရှာပါဘူး။ HAHA)

“အဲ့လိုဆိုလည်း သခင့်ကိုနမ်းလိုက်လေ.. အချစ်ရဲ့စွမ်းအားတွေနဲ့ သူနိုးလာမလား ကြည့်ကြတာပေါ့..?”

နောက်ဆုံးတော့ ရွှယ်ယို့ရှန်းက မေးခွန်းတစ်ခုတည်းကို ထပ်မမေးတော့ဘူးပဲ..!

မြေခွေးက ရွှယ်ယို့ရှန်း အရင်မေးခွန်းအကြောင်း ထပ်တွေးမိမှာကို ခွင့်မပြုနိုင်ခဲ့ဘူး။ ထို့ကြောင့် လျင်မြန်စွာ ပြန်ဖြေလိုက်တယ်။

“‘အိပ်ပျော်နေသော အလှလေး’ ပုံပြင်ကို ခင်ဗျားဘယ်လိုလုပ်သိတာလဲ..? ခင်ဗျားက…..” ......ဝိဉာဉ်ကူးပြောင်းလာတာလား..?

“ဦးနှောက်ချောင်နေပြီထင်တယ်.. ဆေးကုလိုက်ဦး..!”

ရွှယ်ယို့ရှန်းရဲ့ စကားကိုမစောင့်ဘဲ မြေခွေးက စကားဖြတ်ပြောလိုက်တယ်။ ထိုအချိန်ကို ပြန်တွေးမိလိုက်တော့ ရွှယ်ယို့ရှန်းမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိနေကြောင်း မြေခွေးနားလည်လိုက်တယ်။ ဒါပေမဲ့ လိုက်ပြီးစပ်စုနေဖို့ ရည်ရွယ်ချက်မရှိဘူး။ ရွှယ်ယို့ရှန်းမှာ ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေ ရှိနေပါစေ၊ သူ့ရဲ့သခင်နဲ့သာ ဝေမျှဖလှယ်သင့်တယ်။ သူနဲ့မသက်ဆိုင်ဘူး။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now