*157* မှန်မှန်ပြောစမ်းပါ

Start from the beginning
                                    

သူပြောတာကြားတာနဲ့ နှောင်ဖွဲ့မြက်ပင်က သူ့ကလေးကို အမြန်လိုက်ဖမ်းတော့သည်။

ရုန်ယိခန္ဓာကိုယ်က သူ့ဓားပျံကို အမြန် အရှိန်တင်ကာ အပင်မိစ္ဆာတွေ တိုက်ခိုက်ဖို့ ပုန်းခိုနေကြတဲ့ နေရာကနေ အဝေးကို ပျံထွက်လာခဲ့လိုက်သည်။ နောက်ကနေ လိုက်လာတဲ့ ရန်သူမရှိတော့ဘူးဆိုတာ သေချာမှ သူတို့မှာ နေရာတစ်နေရာရှာကာ ရပ်နားလိုက်ကြသည်။

ရုန်ယိက သူ့ခန္ဓာကိုယ်ရဲ့ပုခုံးကို ပုတ်ကာ လက်ဖြန့်လိုက်သည်။
"ငါ့ကိုပေး"

"ဘာလဲ"
ရုန်ယိခန္ဓာကိုယ်က သူ့ကို အပြစ်ကင်းစင်စွာကြည့်လာသည်။

"မိစ္ဆာကလေးလေး"

"ငါပြန်ပေးပြီးသွားပြီမလား"

ရုန်ယိမှာ လုပ်ပြုံးကြီးတစ်ခု ပြုံးပြလိုက်ပြီး
"မင်း ကျန်တဲ့သူတွေကိုသာ လှည့်စားလို့ရမယ် ငါ့ကိုတော့မရဘူး.. ကျောက်တုံးလေးတစ်တုံးပစ်ပေးလိုက်ရုံနဲ့ ငါ့ကို အရူးလုပ်နိုင်လိမ့်မယ်လို့ ထင်မနေနဲ့"

ရုန်ယိခန္ဓာကိုယ် "....."

"မြန်မြန်"

ရုန်ယိခန္ဓာကိုယ်က သစ်စေ့လေးထုတ်နေရင်းနဲ့ ပြောလာသည်။
"အမှန်တော့ ငါပစ်ပေးလိုက်တာက စာပို့တဲ့အလုံးလေးပါ.. ငါအဲ့ပေါ်မှာ စာတစ်စောင်ချန်ထားခဲ့ပြီး နှောင်ဖွဲ့မြက်ပင်ကို သူ့ကလေးက ဒီလိုသေးငယ်တဲ့ လျှို့ဝှက်နယ်မြေလေးထဲမှာ ကြီးပြင်းလာရတာ အတော်လေးသနားစရာကောင်းမယ့်အကြောင်း ပြောထားခဲ့တယ်.. သူက အပြင်ဘက် ကမ္ဘာကြီးကိုတောင် မမြင်တွေ့လိုက်ရသေးခင် မိုးကြိုးစမ်းသပ်မှုတွေကြောင့် သေဆုံးသွားနိုင်တယ်.. သူသာ သူ့ကလေးကို တစ်ကယ်ချစ်ရင် ငါ့ကို ခေါ်သွားခွင့်ပြုလိုက်သင့်တယ်... ငါ သူ့ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုပေးပြီး ပျော်ပျော်ရွှင်ရွှင်ထားမှာပါ.. သူ့ကို ဘယ်တော့မှ အနိုင်ကျင့်မခံရစေဘူးလို့လည်း ပြောခဲ့သေးတယ်.. သူစိတ်အေးနိုင်အောင်လို့ ငါ သူ့ကို လိပ်စာတစ်ခုပေးထားခဲ့ပြီး သူ့သားကို အချိန်မရွေးလာတွေ့နိုင်တယ်လို့လည်း ပြောခဲ့တယ်"

ကိုယ်ရံတော်များ "......"

ရုန်ယိခန္ဓာကိုယ်က သူ့ပိုင်ရှင်ထက်တောင်မှ ပိုပြီး ပြဿနာရှာနိုင်သေးတယ်ဆိုတာ သူတို့သိသွားရသည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now