*157* မှန်မှန်ပြောစမ်းပါ

Start from the beginning
                                    

"အသွင်ပြောင်းလဲမှုအဆင့်.... ပြီးတော့ အရမ်းလည်း ငယ်သေးတယ်ပေါ့.. သူက ဘယ်လောက်တောင်မှ ငယ်သေးတာလဲ.. အခုထိ သေးခံဝတ်ဖို့လိုနေသေးတုန်းလား.."
ဒီဖြစ်နိုင်ချေကို တွေးလိုက်မိတဲ့အခါ ရုန်ယိတစ်ယောက် ကျောရိုးထဲအထိပါ တုန်ယင်သွားရသည်။
"မင်း ကလေးကို သူ့အမေဆီပြန်ပေးလိုက်တာကောင်းမယ်.. ငါ ငါ့အိမ်တော်ကို ကလေးထိန်းကျောင်းတော့ မဖြစ်လာစေချင်ဘူး"

"မပေးဘူး!"
ရုန်ယိခန္ဓာကိုယ်က မိစ္ဆာကလေးလေးကို သူ့လက်ထဲ ဖွက်ထားလိုက်သည်။

ရုန်ယိ "....."

အနောက်ဘက်က ကိုယ်ရံတော်တွေက ရုတ်တရက် ထအော်လာကြသည်။
"သခင်လေးရှောင်ရုန်.. နှောင်ဖွဲ့မြက်ပင် လာနေပြီ"

ရုန်ယိ "....."

"သွားရအောင်"
ရုန်ယိခန္ဓာကိုယ်က ချက်ချင်းပြောလိုက်၏။

"ငါ့ကလေးကို ပြန်ပေးစမ်း.. သူခိုးကောင်.. ငါ့ကလေးကို ပြန်ပေး!"
နှောင်ဖွဲ့မြက်ပင်က လိုက်ဖမ်းနေရင်းနဲ့ အရှေ့ဘက်ကိုပါ အော်ပြောလိုက်သည်။
"သူငယ်ချင်းတို့ရေ.. ငါ့ကို ကူပြီး သူတို့ကို တားပေးကြဦး"

ဘေးဘက်က ပန်းပင်တွေ သစ်ပင်တွေက ချက်ချင်းဘဲ မှော်အတတ်တွေ တိုက်ခိုက်ရေးနည်းလမ်းမျိုးစုံတွေကို သုံးကာ ရုန်ယိတို့အဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ဖို့ လုပ်လိုက်ကြ၏။

ရုန်ယိခန္ဓာကိုယ်က ချက်ချင်းဘဲ မိုးကြိုးမီးတောက်ကို ထုတ်သုံးလိုက်ပြီး သူ့ရဲ့တိုက်ခိုက်မှုကို ကြောက်ရွံ့ကြတဲ့ ပန်းပင်တွေနဲ့ သစ်ပင်တွေမှာ အမြန်ရှောင်လိုက်ကြရ၏။ ရုန်ယိခန္ဓာကိုယ်ထက် ကျင့်ကြံဆင့်မြင့်မားတဲ့ အပင်မိစ္ဆာတွေတောင်မှဘဲ သူ့ရဲ့ မီးတောက်ကို ခံနိုင်ရည်မရှိကြပေ။

ရုန်ယိက သူ့ကို လှမ်းပြောလိုက်သည်။
"ဒီမှာက အပြင်ဘက်မှာထက် အန္တရာယ်များတယ်.. ငါတို့ ဒီလိုမျိုး ခြေဦးတည့်ရာလျှောက်ပြေးနေလို့မရဘူး!... မင်း သူ့ကလေးကို အမြန်ပြန်ပေးလိုက်တာကောင်းမယ်နော်.. ဒါမှ ငါတို့ တစ်ခြားနေရာကို ဆက်သွားလို့ရမှာ.."

"ကောင်းပြီလေ"
ရုန်ယိခန္ဓာကိုယ်က သစ်စေ့လေးကို ထုတ်လိုက်ကာ သူ့ရဲ့ဝိညာဥ်စွမ်းအားကိုသုံးပြီး ခပ်လှမ်းလှမ်းကို ပစ်ပေးလိုက်သည်။ ထို့နောက် ထိုသစ်စေ့လေးက မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့၏။
"မင်းရဲ့ကလေး.. ဖမ်းလိုက်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now