" Namjoon ဝင်မပြောတော့ဘူးလား "
ဒါရိုက်တာကြီးက ခပ်ပြုံးပြုံးလုပ်ရင်းသာ နှုတ်ဆိတ်လို့နေသည်။
" ဒါရိုက်တာကြီးတောင်လက်ခံတယ်တွေ့လား...သူက ကျနော့်အိမ်ထောင်ဦးစီးဖြစ်တော့မှာလေ ကျနော်ကသူ့စကားကိုပဲနားထောင်ရတော့မှာ...အဲ့တော့ အစ်ကိုကြီးက ကျနော်တို့ကြားမှာ သိပ်ဝင်မစွက်ဖက်နဲ့တော့ ဟုတ်ပြီလား "
Namjoon ကို လက်မောင်းကနေ သူ့ဘက်ကိုဆွဲခေါ်ရင်း ပြောနေတဲ့ Jimin ရဲ့စကားတွေကြောင့် အစ်ကိုကြီး Park မှာ စိတ်ထဲမအီမသာဖြစ်သွားရသည်။ ဒါပေမဲ့လည်း သူတို့ချင်း အဆင်ပြေနေဖို့ကသာ အရေးကြီးတာကြောင့် စိတ်လျှော့ကာ နေရာကနေထွက်သွားပေးလိုက်သည်။
" ကျေးဇူးပဲ ကျနော့်ဘက်ပါပေးလို့ "
" အိမ်ထောင်ဦးစီးပဲ ဒီလောက်တော့လုပ်ပေးရမှာပေါ့ "
Jimin က ခွီးကနဲ ထရယ်သည်။
" မဟုတ်လို့လား "
" ဟုတ်ပါတယ် ဟုတ်ပါတယ်....လုပ်ပေးလက်စနဲ့ အစ်ကိုကြီး Park ကိုတစ်ခုပြောပေးထားပါလား အိမ်ထောင်ဦးစီး...ကျနော်အပြင်ခဏသွားမလို့ "
ဒါရိုက်တာကြီးက Jimin ကို ခေါင်းအစခြေအဆုံး အကဲခတ်လိုက်သည်။ ဒီကောင်လေး ထွက်ပြေးမလို့များလားလို့ မယုံသင်္ကာတွေးလိုက်မိသေးသည်။
" Jin hyung ဆီသွားမှာ....ခဏပါပဲ မကြာဘူး "
သူမလွှတ်ချင်ပေမဲ့လည်း ခေါင်းငြိမ့်ပြလိုက်သည်။ Jimin ရဲ့မျက်နှာသေးသေးလေးက ချက်ချင်းဆိုသလို ပြုံးချိုလို့သွားသည်။
" ကျေးဇူးပါ "
" ပြန်လာခဲ့နော် "
မြန်မြန်ပြန်လာခဲ့ဖို့ကို ဒါရိုက်တာကြီးက မတောင်းဆိုပါ။ ပြန်လာခဲ့ဖို့ကိုသာ သူတောင်းဆိုလိုက်ပါသည်။ Jimin က ခပ်ဖျော့ဖျော့ပြုံးပြရင်းက ခေါင်းပြန်ငြိမ့်ပြသည်။
တစ်ယောက်က ပေါ့ပါးသောခြေလှမ်းတွေနဲ့ပြေးထွက်သွားချိန် တစ်ယောက်ရဲ့ရင်ထဲမှာတော့ အမျိုးအမည်မသိစွာလေးလံလို့။
#...💘...#
" koo ငါရောက်ပြီ "
Jimin ကဆေးရုံဝန်းထဲရောက်တာနဲ့ Jungkook ဆီကိုဖုန်းခေါ်လိုက်သည်။ သူက ဒါရိုက်တာကြီးကိုပြောခဲ့သလို Jin hyung ဆီကိုလည်း တကယ်သွားခဲ့ပါသည်။ Jin hyung ဆီကိုသွားပြီး ကားသွားယူကာ Jungkook ရှိရာဆီသို့ ထွက်လာခဲ့ခြင်းဖြစ်သည်။
YOU ARE READING
I hate that ' I love you '
Fanfictionကိုယ်တကယ်ချစ်တဲ့သူကသာ ကိုယ့်ကိုနာကျင်စေနိုင်တာ.. Main OTP - Taegi * Unicode+Zawgyi * From 31st October, 2021
Part : 20 💘
Start from the beginning
