🌳Episode 9🌳

Mulai dari awal
                                    

၁ပါတ်လုံးသူငယ်ချင်းဖြစ်သူကိုပစ်ထားသော အန်ဝူအားစိတ်ဆိုးနေပေမယ့် တကယ့်တကယ့်ဆိုတော့လည်းမကြိုဘဲမနေနိုင်ပေ။

ကိုယ်ဂျပန်လာတိုင်း အန်ဝူက ဘယ်လောက်အလုပ်များနေပါစေ အမြဲလာကြိုပေးခဲ့သည်မဟုတ်လား?

ကားပေါ်ရောက်သည့်အထိ အန်ဝူ့ကိုစကားပြန်မပြောချင်သေး။

အန်ဝူရှင်းပြသည်ကိုပဲနားထောင်ရန် ပြင်လိုက်သည်။

"ဒီလိုကွာ..
ငါ့ crush နဲ့ကားပြိုင်မောင်းတာငါရှုံးသွားလို့ သူ့ Club မှာ ၁ပါတ်တိတိ waiter လုပ်ပေးခဲ့ရတာကွ။
Crush မျက်နှာလေးရှိနေတော့လည်းကွာ ပင်ပမ်းလှတယ်မဟုတ်ဘူးကွ။
လူတွေကရှယ်များတာကွ။
ငါ့ Crush ရဲ့ Dj Power ကမြင့်တာအရမ်းပဲ။
အာ့တာကြောင့်ပဲ အာ့ Club ကနာမည်ကြီးတာကွ။
ကိုရီးယားအခြေစိုက်တဲ့ကွ။
နေ့ရောညပါဖွင့်ရတဲ့ Club လေ။
တညကိုဒေါ်လာသန်းချီဝင်တာရယ်။
အာ့Club ပိုင်ရှင်တွေကပဲ ဝိုင်တွေ၊အရက်တွေစပ်တာကွ။
အပြင်အဆင်ကအစကွာလုံးဝအလန်း။
ငါ့ကိုပညာပေးလိုက်တာ ၁ပါတ်လုံးလုံးအနားနေရတယ်မရှိဘူး။
ဒါပေမယ့်တန်ပါတယ်ကွာ ငါ့ Crush ရဲ့ Dj Shaping လေးကြည့်ခွင့်ရတာနဲ့တန်တယ် ဟိ ဟိ"

"နှာဗူးပဲ အန်ဝူ"

"အောင်မာ မင်းမမြင်ဖူးသေးလို့ပါနော်
ငါတောင်သူမျက်မှန်တပ်ထားတဲ့ပုံနဲ့တင်ကြွေခဲ့ရတာကွ။
ဟိုနေ့ကမှ သူ့သူငယ်ချင်းတွေနဲ့ Mirror Private Room ထဲမှာစကားပြောနေတုန်းငါခိုးမြင်ခဲ့ရတာကွ။
အလန်းပဲ သိလား အရမ်းလှတယ်"

"မိန်းကလေးလား"

"နိုး ကောင်လေး
Car Racer ကွ"

"ဟမ်"

"ဟုတ်တယ်
ငါဒီနေ့ကစပြီး အရှုပ်တွေမခင်းတော့ဘူး။
သူ့ကိုပဲ လိုက်တော့မှာ"

"ပြောသေးတာပဲ"

"ဆောင့်ကြည့်လိုက်ကွာ
အိုခေ"

"အိုခေ"

Ring Ring!!

"ဟယ်လို"

*......*

"ဟုတ်လား အိုခေ အိုခေ"

*........*

"နှင်းဆီအနီတွေကြီးပဲ ၂၁ပွင့်အလှဆုံးထုတ်ပြီးပြင်ထားပေး။
စတော်ဘယ်ရီသီးလတ်လတ်ဆတ်ဆတ်ကိုဗူးအပြာနုရောင်လေးနဲ့ထုတ်ထားပြီးအဆင်သင့်လုပ်ထား"

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Tempat cerita menjadi hidup. Temukan sekarang