🌳Episode 8🌳

Start from the beginning
                                    

အန်ဝူကသူဠေးသားတယောက်။
ကိုရီးယားဂျပန်ကပြားတယောက်။
ဂျပန်ဝန်ကြီးချုပ်၏အငယ်ဆုံးသားတယောက်ပင်။

သူကဘာ့ကြောင့် "waiter" လို့ပြောသွားရတာတုန်း?
ဟိုကရောဘာလို့ နောက်တပါတ်ထပ်ခိုင်းမယ်ပြောနေရတာတုန်း?

ကျနော်သိသလောက် အန်ဝူဟာ အောက်ကျခံတတ်သည့်အမျိုးမဟုတ်ဆိုတာကောင်းကောင်းသိသည်။

ကျနော့အပေါ်တောင်ငယ်သူငယ်ချင်းတွေမို့ ခုလောက်ကောင်းပေးခြင်း၊ခင်တွယ်ခြင်း။

ကမ္ဘာပေါ်မှာ အန်ဝူ့ဘက်ကစ၍အောက်ကျခံစကားပြောသူဟူ၍ ကျနော်မတွေ့မိသေးပေ။

အန့်ဝူစကားအသွားအလာအရ ဖုန်းပြောသည်ကိုဖြတ်ပြောသည့်တယောက်ကတော်တော်လေး အန်ဝူ့အတွက်အရေးပါလောက်မည်ဆိုသည်မှာ အတတ်သိပေသည်။

"အမြန်တွေ့ပြီးမင်းဘာတွေလုပ်နေတယ်ဆိုတာသိချင်တယ်အန်ဝူ"

Jungkook တယောက်တိုးတိုးလေးရေရွတ်ကာ ခရီးပမ်းမှုကြောင့် အနားယူကာအိပ်စက်လိုက်သည်။

နိုးမှ အပီဖီလိမ်းပြီး ဂျပန်က အလှလေးတွေဆီဒိုးရပေဦးမည်။

အန်ဝူမရှိတော့ပျင်းသားဗျာ။

🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳🌳

ဒေါက်!!

ဒေါက်!!

"ဝင်လာခဲ့"

ထယ်ယောင်း Program ဆွဲနေရင်းမှ တခါးခေါက်သူကိုကြည့်မိတော့....

"လူစုံတက်စုံပါ့လား"

"အေးလေမင်းကနေနိုင်တာကို
တနေ့လုံးအခန်းအောင်းပီးအလုပ်လုပ်နေတာ ငါတို့ဆီတောင်မလာဘူး"

ဂျီမင်ကနှုတ်ခမ်းလေးဆူထော်ကာဆိုဖာပေါ်"ဒုန်း"ကနဲ ပစ်ထိုင်ချ၍မျက်စောင်းထိုးကာပြောသည်။

"Program တွေကပြီးခါနီးနေလို့ လက်စသတ်နေတာပါကွာ။
ညဘက်တွေ့ရတာပဲကို"

"ညဘက်ကျတော့ အိပ်ချိန်ကတူတယ်ဆိုတော့ အော်...
မင်းကညဉ့်နက်မှ တို့ကြားထဲဝင်တိုးလာတာမလား"

နမ်ဂျွန်းက မကျေမချမ်းပြောတော့ အားလုံးကခေါင်းငြိတ်ကြသည်။

Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]Where stories live. Discover now