*156* ထောင်လွှားရန်

Start from the beginning
                                    

"......"
ရုန်ယိခန္ဓာကိုယ်က မျက်ဆံလှန်ကာ
"ရွှေအမြုတေအဆင့်မရောက်ခင်က မင်း အသံပို့လွှတ်နည်းကို သုံးဖူးလို့လား"

ရုန်ယိ ခေါင်းခါပြလိုက်သည်။ ရွှေအမြုတေအဆင့်ရဲ့ နောက်ပိုင်းအဆင့် အဆင့်၇ ရွှေအမြုတေအဆင့်လောက်ရောက်နေတဲ့ ကျင့်ကြံသူတွေသာ အသံပို့လွှတ်နည်းကို အသုံးပြုနိုင်ကြတာဖြစ်လေသည်။ ထိုအချိ်န်က သူ့ခန္ဓာကိုယ်က ရွှေအမြုတေအဆင့်ကို ရောက်ခါစသာဖြစ်တာကြောင့် နည်းလမ်းကို မသိသေးပေ။

"ဟုတ်တယ်.. ငါတို့ အရင်က တစ်ခါမှ အသံပို့လွှတ်နည်းကို မသုံးဖူးဘူး.. ငါ ဒီအဆင့်ကိုရောက်တော့လည်း ဝိညာဥ်မပြည့်မစုံနဲ့ နိုးလာတာမလို့ အသိစိတ်က ရှိလိုက်မရှိလိုက်နဲ့ ငူတူတူကြီးဖြစ်နေတာ.. ငါနိုးလာတော့ ဘယ်သူမှလည်း မပြောပြခဲ့ဘူးလေ.. ဒီတော့ ငါလည်း အသံပို့လွှတ်ပြီး ပြောလို့ရတာကို မတွေးမိဘဲ စာရေးပြီးဘဲ ပြောနေတာ.. ကျင်းရဲ့ကလည်း ငါ ဒီနည်းလမ်းကို သပ်သပ်မသုံးတာလို့ထင်ပြီး ငါတို့ကို သတိမပေးတာဖြစ်မယ်"
ခုနကတော့ သူ ပြောချင်စိတ်အရမ်းပြင်းပြနေတာကြောင့် မသိစိတ်အရ ဒီနည်းလမ်းကို သုံးမိသွားတာဖြစ်လေသည်။

သူ့စကားတွေက အဓိပ္ပာယ်ရှိလေသည်။ တစ်ခြားလူတွေရဲ့ အမြင်မှာတော့ သူ့ခန္ဓာကိုယ်က မသိတာမရှိပေ။ ဒီတော့ သူ အသံပို့လွှတ်နည်းကို မသိဘူးဆိုတာက မဆီလျော်သလို ဖြစ်လည်းမဖြစ်နိုင်ပေ။ သူ့ရဲ့ ဝမ်းနည်းစရာလျှို့ဝှက်ချက်အချို့ကြောင့်သာ ဒီနည်းကို မသုံးတာဘဲ ဖြစ်လိမ့်မည်ဟု ထင်ကြတာကြောင့် သူတို့ကလည်း ရုန်ယိနဲ့ သူ့ခန္ဓာကိုယ်ကို ဒီအကြောင်းကို သတိမပေးခဲ့ကြတာ ဖြစ်၏။

"ထားပါတော့.. ဒီအကြောင်းကို ထပ်ပြောမနေနဲ့တော့.. အခုပြောဆိုဆက်သွယ်နိုင်ပြီဆိုတာလည်း ကောင်းတာဘဲ.. စာရေးရတဲ့ ဒုက္ခသက်သာသွားတာပေါ့.. အခု ဒီနေရာကနေ ဘယ်လိုထွက်သွားမလဲဆိုတာကို စဥ်းစားသင့်တာ"

ရုန်ယိခန္ဓာကိုယ်က လူတိုင်းကြားနိုင်တဲ့နည်းနဲ့ အသံပို့လွှတ်ကာ
"ငါတို့ ဝင်လာပြီးပြီဆိုမှတော့.. ဟိုနားဒီနားလေး လျှောက်သွားကြတာပေါ့.. မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေ ရရင်လည်း ရနိုင်တာဘဲလေ.. ငါတို့ ဒီနေရာမှာဘဲ တစ်ချိန်လုံးနေနေရင် အခွင့်အရေးကောင်းကြီးတွေကို လက်လွတ်သွားလိမ့်မယ်"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now