Special Chapter Part 2!

126 9 0
                                    


အကျဉ်းထောင်.....

နေရာအနှံ့က သံတန်းတွေ အုတ်တံတိုင်းတွေ သံဆူးကြိုးခွေလိပ်တွေကြည့် ဝန်းရံထားပြီး နေ့စဉ် တစ်သမတ်တည်းသော လုပ်ငန်းဆောင်တာများဖြင့် အချိန်ကုန်ကြရသည့်နေရာ။ တစ်နည်းဆိုရလျှင် အပြစ်ကြွေးများကို ပေးဆပ်ရသည့် နေရာ။

သံတန်းများကာရံထားတဲ့ အခန်းငယ်လေးထဲ ကနေ ‌ငေးကြည့်မိသမျှ ပြင်ပလောကတစ်ခွင်က မှောင်မဲလို စိတ်အစဉ်ကလည်း အတိတ်ကရုန်းမထွက်နိုင်။

အိပ်စက်လို့လဲ မရ။ နိုးနေ အိပ်နေ အလုပ်လုပ်နေ ဘယ်လိုအနေအထားပဲဖြစ်ဖြစ်

ချစ်ခြင်းကိုသက်သေပြခဲ့လိုက်ကြတဲ့ အခိုက်အတန့်တွေကို ကြိမ်ဖန်များစွာ ပြန်မြင်ယောင်နေရင်း ဝဏ္ဏကိုကို မွန်းကျပ်နေရသည်။

မိသားစုပြိုကွဲခြင်းရဲ့ ဒဏ်ကိုမှ ထပ်ဆောင်းပြီး ချစ်ရသူတွေနဲ့ ခွဲခွာရတဲ့ နာကျင်မှုက သူ့ကို အကြိမ်ကြိမ် သေဆုံးနေစေသည်။

ဆေးရုံပေါ်မှာ ညီမဖြစ်သူကို မွေးစားဖို တောင်းလာတဲ့ မှုန်နံ့သာစကားအရဆိုလျှင်.. လူကောင်းဖြစ်ဖို နည်းလမ်းတွေ အခွင့်အရေးတွေက တစ်ပုံတစ်ပင်.. လူကောင်းဖြစ်ချင်စိတ်ရှိဖို့ပဲ လိုသည် တဲ့။

သေလုမျောပါး ဒဏ်ရာတွေက သက်သာလာတာနဲ့ တစ်ပြိုင်နက် ဆေးရုံကနေ ခိုးဆင်းလာခဲ့တာ။ ယွမ်အားရီနဲ့ ရှိုင်း စျာပနကို ခပ်မဆိတ်လေး ကျင်းပပေးရင်း ဝဏ္ဏရဲ့ နေ့ရက်တွေက သုသာန်တစပြင်လို ခြောက်ကပ်လို့။

အိမ်ကိုလည်း ချိတ်ပိတ်လိုက်ကြပြီ။ လုပ်ငန်းကလည်း ဆက်လက်လည်ပါတ်ဖို မဖြစ်နိုင်တဲ့အပြင် လူကုန်ကူးမှုအတွက် တာဝန်ရှိသူအဖြစ် ဝဏ္ဏကိုကို ခေါ် ကိုင်ရာ ကို ရဲဘက်က ဝရမ်းထုတ်ကာ လိုက်ရှာနေခဲ့ကြတာမို့ ဝဏ္ဏ တိမ်းရှောင်နေခဲ့မိသည်။

ဟိုမှာ ဒီမှာ အလျဉ်းသင့်သလို ပုန်းရှောင်နေရင်း ဝဏ္ဏကိုကို ရှိန်းနေခဲ့တဲ့ အိမ်ခန်းလေးဆီ ရောက်လာခဲ့သည်။

အိမ်ခန်းလေးကို အပ်လိုက်ပြီထင်ထားလို့ အလွမ်းပြေကြည့်ရုံလောက် ‌ရောက်လာခဲ့ပေမယ့် အိမ်တံခါးမ သော့ရော သော့ဖွက်နေကျ နေရာရော အားလုံးက အရင်အတိုင်းမို့ ဝဏ္ဏ အိမ်တံခါးကို ဖွင့်ဝင်လာခဲ့မိသည်။

အသက်ကိုနှင်း၍Where stories live. Discover now