အပိုင်း ၁၁။

160 10 1
                                    


ဘုန်းဇေယျတု အလွတ်မှတ်ထားတဲ့ နေရာတစ်ဝိုက်ကို မကျွမ်းကျင်။ နေရာကို အတိအကျ သိနေပေမယ့် သွားရမယ့်လမ်းကို သေချာမသိ။ ထောက်ကြန့်စျေးအနီး ကားရပ်လိုက်ပြီး အနားက ဆိုင်ကယ်ကယ်ရီကောင်‌လေး နှစ်ယောက်ကို နေရာပြကာမေးလိုက်ရသည်။ နေရာက ဖောင်ကြီးသွားတဲ့လမ်းနံ‌‌ဘေးမှာ။ ရိုးမကိုဖြတ်ပြီး ရွာလေးတစ်ရွာကနေတစ်ဆင့် တစ်နာရီလောက် မောင်းရအုံးမှာ။ အဲ့ဒီနေရာကို လူလိုက်ပို့ဖူးတဲ့ ကယ်ရီသမားလေးက ရာဘာခြစ်ပြီး ရာဘာပြားချက်တဲ့ စက်ရုံမို့လို့ အတွင်းဝင်မရဘူး ပြောလာသည်။ ဘုန်းလည်း ခပ်တည်တည်ပဲ အဲ့ဒီက ရာဘာခြံဝယ်မလို့ လာတာ ဆိုပြီး ဖြီးလိုက်ရပြန်သည်။ မတော်လို့ ငှားနေကျ အဲ့နေရာကလူ ဘုန်းနောက်ကရောက်လာရင် ကယ်ရီသမားလေးတွေက ပြန်မပြောဘူး မသေချာ။ ကောင်လေးတွေကိုနှုတ်ဆက်ပြီး ဘုန်း...ကားဆက်မောင်းလာခဲ့သည်။ ရိုးမဖြတ်လမ်းကိုရောက်တော့ ညနေ၅ နာရီထိုးပေပြီ။ ကယ်ရီသမားလေးတွေ ညွှန်းလိုက်သည့်အတိုင်း မောင်းလာလိုက်တာ ဂိုထောင်ကြီးတွေကို ခပ်လှမ်းလှမ်းမှာမြင်နေရသည့် နေရာမှာပဲ ကားကိုရပ်ကာ ကားဝှက်ထားလို့ရမည့်နေရာကို အမြန်ရှာလိုက်ရသည်။ သာမန်လူတွေယုံကြည်လောက်‌အောင် လူသူထူထပ်တဲ့ ရွာနဲ့ သိပ်မဝးတဲ့နေရာမှာ ခြံစည်းရိုးလုံအောင်ခတ်ထားတဲ့ ဂိုဒေါင်ဝင်းကြီးမို့ အယောင်ဖျောက်တာတော်တယ်လို့တောင် ချီးမွမ်းရမလိုပင်။ ခြံဝင်းကြီးရဲ့ အဝင်အထွက် လမ်းကို မှန်းဆလိုက်ပြီး ဘုန်းရှေ့နားက မြေလမ်းသွယ်လေးထဲ ကားလေးကိုထိုးထားပြီးမှ ခြံဝင်းဘက်ထွက်လာခဲ့သည်။ လုံခြုံအောင်မည်မျှပင် လုပ်စေကာမူ သဘာဝက ပေးတဲ့ လစ်ဟာမှု တစ်ခုခုတော့ ရှိစမြဲပင်၊ ဘုန်းသိပ်မရှာလိုက်ရ။ ကျွဲတိုးထားလို့ ကျောက်တိုင်ကနေ သံချက်တွေပြုတ်နေတဲ့ သံဆူးကြိုးက ဟနေတာ လူတစ်ကိုယ်ကောင်းစွာဝင်နိုင်သည်။ ဘုန်း ခြေသံလုံအောင်ဝင်လာခဲ့သည်. ခြံထဲမှာ ဂိုဒေါင်က တစ်ခုတည်းမဟုတ်။ တစ်လုံးနဲ့တစ်လုံး မိုင်ဝက်လောက်ဝေးတဲ့နေရာမှာ ဂိုဒေါင် နှစ်လုံးကို အပြိုင်တည်ဆောက်ထားတာဖြစ်သည်။ လူသူမရှိအရိပ်အယောင်မတွေ့တာမို့ ဘုန်းအနည်းငယ်အံ့သြမိသည်။

အသက်ကိုနှင်း၍Where stories live. Discover now