☕Love Museum❤ Part 94(C)

Start from the beginning
                                    

အခန်းထဲပြန်​ရောက်​တော့ ကိုကို့ရဲ့ အရိပ်အ​ယောင်ကို မ​တွေ့ရ......Toilet ဝင်တာများမပြီး​သေးဘူးလားမသိ......

ဘဏ္ဏာထိန်းကြီးဆီ ဖုန်းဆက်ဖို့အတွက် ​မွေ့ရာ​ဘေးက ခုံ​​လေးပေါ်မှာတင်ထားတဲ့ ဖုန်းကိုသွားယူစဥ် ခုံ​ထောင့်နားက အရာဝတ္ထုတစ်ခုဆီမှာတင် ကျွန်​တော့်အကြည့်​တွေက ရပ်တန့်သွားရသည်......

လက်ကလည်း ကျွန်​တော့်ဖုန်းဆီကို ဆက်မလှမ်းမိ​တော့ဘဲ အဲ့ဒီအရာဝတ္ထုကိုပဲ လှမ်း​ကောက်ယူလိုက်ရင်း ​လေး​ထောင့်ဂျပ်ဘူး​ပေါ်က စာလုံး​တွေကိုဖတ်ကြည့်လိုက်​တော့မှ စီးကရက်ဘူးတစ်ဘူးဖြစ်​နေတယ်.....

Marlboro double mix တဲ့.....Wyane အမြဲ​သောက်​နေကျဖြစ်တဲ့ စီးကရက်တံဆိပ်မို့လို့ ကျွန်​တော့်အ​နေနဲ့ မျက်မှန်းတမ်းမိ​တော့ ဖြစ်ရသည်......

တစ်ဘူးကို 144ဘတ်​​ပေးရလို့ ယိုဘူးခမျာ ငဝိန်းနဲ့ဖြစ်လိုက်ရတဲ့ ရန်ပွဲဆိုတာ မ​ရေမတွက်နိုင်တဲ့အထိပဲ......

(A/N မြန်မာ​ငွေနဲ့ဆိုရင် တစ်ဘူးကို 7,200​ပေါ့။ 1ဘတ်ကို မြန်မာ​ငွေ၅၀ကျပ်နဲ့ပဲ ကျွန်​တော် အကြမ်းဖျင်းတွက်ပြထားတာပါ။​အဲ့ဒီ 2020 ခုနှစ် Oct 31ရက်​နေ့က ​ငွေ​စျေးကို သွားမရှာချင်​တော့လို့။ တကယ်က​တော့ အပျင်းနည်းနည်းတစ်ကြည့်တာ​ပေါ့​လေ🤣။ဆို​တော့ ကမ္ဘာ့ငွေ​စျေးအတက်အကျ​ပေါ်မူတည်ပြီး ​​စျေးက​​တော့ အ​ပြောင်းအလဲရှိနိုင်ပါတယ်။Marlboro စီးကရက်က ကမ္ဘာ့​ရောင်းအားအ​ကောင်းဆုံး စီးကရက်တံဆိပ်လည်းဖြစ်ပါတယ်ဗျ။)

"ပိုက်ဆံ​တွေကိုမီးရှို့ပြီး လေထဲလွင့်ပစ်​နေတာကို ​ဘေးက​နေထိုင်ကြည့်နေရသလိုမျိုးပဲ"ဆိုပြီး Jameက တရစပ်​ပြောရင် ငဝိန်းနဲ့စ စကားများ​ကြတော့တာမျိုး​ပေါ့.....

တနည်းအားဖြင့် ​ပြောရမယ်ဆိုရင် သ​ကောင့်သား၂​ကောင် ခဏခဏထထသတ်ရတဲ့ စီးကရက်တံဆိပ်ဆိုရင်လည်း မမှားပါဘူး......

စီးကရက်ဘူးထဲက​နေ စီးကရက်တစ်လိပ်ကို ဆွဲထုတ်ပြီး​တော့ကြည့်ရင်း ဘူးပေါ်အသာပြန်တင်ကာ ကျွန်​​တော် Bkkတုန်းက​သောက်ခဲ့တဲ့ စီးကရက်ဘူးကလည်း ဒီတံဆိပ်မဟုတ်.....

Classic Love 🖤 ❤Where stories live. Discover now