အပိုင်း✨🍁(၂၄)

Start from the beginning
                                    

"ဦးခိုက်ရာ နီးနီးလေးပဲကို မင်းကပိုလွန်းနေပြီ.."
ဒဝီဦးခိုက်အမူအယာကြောင့် ကြာတော့ အမြင်ကပ်လာ၍ ဇမ္ဗူဒီရာဇ် ဝင်ပြောလိုက်သည်။

"မင်း နားလည်လို့လား..."

"ဟမ်...."

"အင်း... တန်ဖိုးထားရမယ့် တစ်စုံတစ်ယောက်မရှိတဲ့လူတွေအတွက်တော့ ဒီလိုခံစားချက်မျိုးကိုဘယ်နားလည်နိုင်ပါ့မလဲ ဟုတ်တာပေါ့...အဟွန်း!!!"

"ဘာ...မင်း..."
ဇမ္ဗူဒီရာဇ်မှာတော့ စကားလုံးများနှင့်အနှိမ်ခံလိုက်ရသောကြောင့် ရှုးရှူးရှားရှားဖြစ်သွားရသည်။

"အဟွန်း!!!"
ဒဝီဦးခိုက် ဇမ္ဗူဒီရာဇ်၏ဖြစ်ပျက်သွားသောမျက်နှာကြီးအားကြည့်ရင်း အောင်နိုင်သူအနေဖြင့် ရယ်လိုက်သည်။

"အဟင်းးးးဘယ်လိုတွေတောင်လဲ...."
ဧကလေး ရှေ့က စကားနိုင်လုနေသောတိုင်းပြည်ဘုရင်နှစ်ပါးအားကြည့်ရင်း ရယ်ချင်လာသည့်စိတ်ကို ထိန်းချုပ်ထားသဖြင့် မျက်နှာမှာ စပ်ဖြီးဖြီးဖြစ်နေသည်။
အရှင့်စကားတတ်တာသိသော်လည်း ထိုသို့စကားနိုင်ရအောင်လုတတ်လိမ့်မည်ဟုထင်မထားခဲ့။အမြဲတည်ကြည်ခန့်ညားသည့်အရှင်တွင် ထိုကဲ့သို့သော ချစ်စဖွယ်အမူအရာများလည်းရှိနေသေးသည်။
ဟန်လင်းအရှင်၏ အီလည်လည်မျက်နှာတော်အားကြည့်မိပြန်တော့ ရယ်ချင်စိတ်ကပို၍ ထိန်းမရတော့ပေ။

"ခွီးးးးဟီးးးကဲပါဗျာ အထဲကပဲစောင့်ပါ ကျွန်တော်တစ်ယောက်ထဲ သွားပါ့မယ် မကြာစေရဘူး စိတ်ချနော် ဟီး..."

"အွန်း!!စောင့်နေမယ်..."
ရယ်မြူးရိပ်သမ်းနေသောမျက်ဝန်းပြာလေးများကို သဘောတကျကြည့်ရင်း ဒဝီဦးခိုက်ပြောလိုက်သည်။

ထို့နောက်တွင်တော့ ဧကလေး မန်ကျည်းဖျော်ရည်ဆိုင်သို့ သွားလိုက်သည်။

ဆိုင်အတွင်းတွင်တော့ သက္က အပေါက်ဝသို့မြင်ရသည့် နေရာကိုရွေးကာ အရှင်တို့ထိုင်ဖို့ရာ ခုံကိုသေချာပြင်လိုက်သည်။
အတော်အများစားပွဲဝိုင်းတွေက ပြည့်နေသည့်အတွက် မနီးမဝေးဝိုင်းရှိ လွတ်နေသော ခုံတစ်ခုကို ဆွဲယူကာ ‌ထားလိုက်သည်။
ထိုဝိုင်းတွင် အိန္ဒိယလူမျိုးနှစ်ယောက်ကျောပေးထိုင်နေလေသည်။
အိန္ဒိယလူမျိုးများကို နီးနီးကပ်ကပ်မမြင်ဖူးသဖြင့် သက္က ကြည့်နေမိသည်။

ပယင်းကြိုးသီ ချစ်သောမောင့်ဆီ(Complete)Where stories live. Discover now