*ဂျောက်*
"ဟင် စီနီယာ"
ဂျယ်ယွန်းကျောင်းသွားမယ်ဆိုပြီးအိမ်တံခါး
ဖွင့်ဖွင့်ခြင်းမှာတွေ့လိုက်ရတဲ့လူတစ်ယောက်
ကြောင့်အံ့ဩသွားရသည်။
"ကျောင်းကို...အတူတူသွားရအောင်"
"..."
ဆောင်းဟွန်းပြောတာတွေကိုဘာမှပြန်မဖြေ
လောက်နိုင်အောင်အထိဂျယ်ယွန်းကြောင်
နေမိတယ်။
"မသွားခြင်ဘူးလို့တော့ မငြင်းနဲ့နော်ငြင်းခဲ့ရင်
လည်း ကိုယ်ကအသေးလေးနောက်ကနေဆက်
တိုက်လိုက်နေမှာမလို့"
"ဘယ် ဘယ်သူကမသွားခြင်ဘူးလို့ပြောလို့လဲ"
"အဲ့တာဆိုကိုယ်နဲ့အတူတူသွားခြင်တယ်ပေါ့"
ဆောင်းဟွန်းကရယ်ကျဲကျဲနဲ့ဂျယ်ယွန်းကိုစလိုက်
ပေမဲ့မျက်နှာကြီးနီရဲပြီးခေါင်းငုံ့သွားရသူက
ဂျယ်ယွန်းပင်။
"အခု အခုမှမသွားရင်ကျောင်းနောက်ကျတော့
မယ်"
"..."
"သွားရအောင်"
သွားရအောင်ဆိုပြီးဂျယ်ယွန်းကရှေ့ကနေထွက်
သွားတော့နောက်ကနေစောင့်ဦးလေဆိုပြီးအသံ
ရှည်ကြီးနဲ့အော်ကာဂျယ်ယွန်းနောက်ကိုပြေးလိုက်
လာခဲ့သည်။
"ရှင်းဂျယ်ယွန်း"
ရှင်းဂျယ်ယွန်းဆိုပြီးသာမန်နဲ့မတူအောင်နူးနူး
ညံ့ညံ့လေးခေါ်လိုက်တဲ့အကိုကြောင့်ဂျယ်ယွန်း
ရင်တွေအတိုင်းအဆမရှိအောင်ခုန်သွားခဲ့ရသည်။
"ဟင်"
"ကိုယ့်ကိုကြည့်"
ဂျယ်ယွန်းလည်းလမ်းလျှောက်နေရင်းနဲ့ပင်
ဆောင်းဟွန်းရဲ့မျက်နှာကိုခဏသာကြည့်ပြီး
အကြည့်ပြန်လွှဲသွားသည်။
"မဟုတ်ဘူး ကိုယ့်ကိုသေချာကြည့်
ရှင်းဂျယ်ယွန်း!!"
အော်သံလိုလိုအမိန့်ပေးသံသလိုလိုနဲ့အသံကို
ပြောလိုက်တဲ့ဆောင်းဟွန်းကြောင့်ဂျယ်ယွန်းလမ်းလျှောက်နေတာကိုရပ်ပြီးဆောင်းဟွန်းရဲ့
မျက်နှာကိုသေချာစိုက်ကြည့်နေလိုက်သည်။
"ဘာ ဘာဖြစ်လို့လဲ"
"ဂျယ်ယွန်း ကိုယ့်ကိုဘယ်လိုသဘောရလဲ"
